,

WELCOME..... TO..အလင်းတန်း.... မှ....အားလုံး....ကို.... ကြိုဆို....နေပါတယ်,,,,,,,WE..... SUPPORT..... KIO/A,,,,,,,STANDBY.... FOR.... YOUR DUTY,,,,,,Jiwoi Jiwa Ni e Dudaw, Saihkaw Let Makawp Maga Hkinghtawng Jawda Sai, Ginru Ginsa Labau Htunghking Hte Nganggrin Nga Ai Chyurum,Dairum ai Jinghpaw Wunpawngsha Amyu Lakung Lama Yawng A Dailup Daihpang Lamu ga, Mungdaw Mungdan Wa Ya Daini Myen Hpyen Wa Up Sha nga ai lu?

Monday, November 29, 2010

မတော်တရော်

 ဂျူး

တခါတခါတော့လည်း ကျွန်မတို မြန်မာယောကျာ်းတွေ တော်တော်စိတ်ထား မြတ်ကြပါရဲ့ဟုရေရွတ်မိသည်။ ကျွန်မစိတ်တိုင်းမကျစရာ အမျိုးသမီးရုပ်တွေနှင့်ပြက္ခဒိန်တို့ Wall Sheet တို့ကို မြင်မိသည့်အခါမျိုးမှာ ဖြစ်တတ်သည်။ မြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီကကြော်ငြာတွေကိုမြင်မိသည့်အခါမျိုးမှာဖြစ်တတ်သည်။
ကျွန်မတို့ မြန်မာရုပ်ရှင်မင်းသမီးအချို့၊ ကိုယ်ဟန်ပြမယ်တချို့သည် ဓါတ်ပုံရိုက်ခံလျှင် အလိုအလျှောက်ပင် မတော်မတဲ့ ဟန်ပန်တွေ ဖြစ်ကုန်တတ်ကြသလား။ ဒါကတော့ ကွန်မ မသိနိုင်ပေ။ 

ကျွန်မ မြင်တွေ့နေရသည့် ကိုယ်ဟန်တွေကတော့ နည်းနည်းမှကြည့်မကောင်းပါ။ အထူးသဖြင့် ထိုင်လျှက်ပုံတွေဖြစ်သည်။ ကုလားထိုင်ပေါ်မှာပဲ ထိုင်ထိုင်၊ မြက်ခင်းပေါ်မှာပဲ ထိုင်ထိုင်၊ ထိုင်လိုက်သမျှ ကိုယ်ဟန် တွေက ယောကျာ်းတွေအတွက် စိတ်ရိုင်းဝင်စရာ ဟန်တွေချည့် ဖြစ်သည်။ လှသလားဆိုတော့ အဲဒီဟန်တွေက နည်းနည်းလေးမျှမလှ။ ယောကျာ်းတွေ ကို ဆွဲဆောင်သည်ဆိုလျှင်လည်းပြေပြေပြစ်ပြစ် ဆွဲဆောင်နိုင်မှာမဟုတ်။ အနုပညာပါပါ ဆွဲဆောင်မှာမဟုတ်။ တစ်တစ်ခွခွ ဆွဲဆောင်ခြင်းပဲ ဖြစ်နိုင်ပါသည်။


ကျွန်မတို့နိုင်ငံမှာ ဘာကြောင့် ပြက္ခဒိန်တွေ Wall Sheet တွေဖောင်းပွနေရသလဲ ... ဟု ကျွန်မတစ်ခါတ
လေ စဉ်းစားကြည့်မိသည်။ ဈေးကွက်ကောင်းလို့ပေါ့၊ ၀ယ်သူတွေများလို့ ပေါ့လို့ င်္ကျန်မက လွဲပြီးလူတိုင်းကြိုက်နေသည်ပေါ့။ ဒါဖြင့် ယောကျာ်းတွေနဲ့ မိန်းမတွေ ဘယ်သူက သည်ပုံတွေကို ပိုကြိုက်မှာဘာလိမ့်။ ယောကျာ်းတွေက ပိုဝယ်သလား၊ ကျွန်မမိတ်ဆွေယောကျာ်းတွေက လည်းပုံဝယ်တာ တစ်ခါမျှ မတွေ့ဘူးပါဘူး။ တခါတုန်းကတော့ ယောကျာ်း သူငယ်ချင်းတယောက်၏ အိပ်ခန်းကို တစွန်းတစ မြင်ရတုန်းက သူ့အခန်းနံရံမှာ အမေရီကန်အဆိုတော်မက်ဒေါနား၏ ပုံ Wall Sheet နှစ်ခုလား ဖြတ်ကနဲ၊ တွေ့လိုက် ဖူးသည်။ ဒါပဲ။ သည်တော့လည်း သည်ပြက္ခဒိန်တွေ ဘယ်သူတွေဝယ်နေကြသလဲ ဟုကျွန်မစိတ်ဝင်စားသွားရလေသည်။ ပြက္ခဒိန်တွေက်ု ဘယ်သူ ၀ယ်နေကြသလဲ ဟု ကျွန်မစိတ်ဝင်စားသွားရလေသည်။ ပြက္ခဒိန်ဆိုသည်မှာ အများအားဖြင့်အိမ်တအိမ်မှ၏ ဧည့်ခန်းမှာ နေရာပေးခံရမည့် ပြက္ခဒိန်သည် အနုပညာမြောက်ရမည်၊ ဓါတ်ပုံကို ကြည့်ရင်းစိတ်ချမ်းမြေ့စေရမည့် ကျွန်မတို့ဆီက ပန်းရိုးမ ပြက္ခဒိန်များသည် သူတို့ဆီကပြက္ခဒိန်များလိုပင် အနုပညာဆန်စွာ မျက်စိပဒေသာဖြစ်စေသည်. ကျွန်မအကြိုက်ဆုံး မြန်မာပြက္ခဒိန်မှာ ပန်းရိုးမဖြစ်သည်။ အရင်တုန်းက ပန်းရိုးမပြက္ခဒိန်ကို လက်ဆောင်မရလျှင် ၀ယ်၍ အိမ်မှာချိန်ဆွဲခဲ့ဖူးသည်။ ဒုတိယ အကြိုက်ဆုံးမှာ မြ၀တီပြက္ခဒိန် ဖြစ်ခဲ့သည်။ ကျွန်မနှစ်သက်ဖူးသည့် ပြက္ခဒိန်များ၌ ရုပ်ရှင်မင်းသမီးပုံပါသော ပြက္ခဒိန်တွေလည်းရှိခဲ့ဖူးပါသည်။ ကိုယ်အထက်ပိုင်း သုံးပုံတပုံ ဒါမှမဟုတ် မျက်နှာပိုင်း ဓါတ်ပုံများ ဖြစ်သည်။ ကျွန်မမှတ်မိသလောက်တော့ ဓါတ်ပုံသိန်းဇော်လွင် နှင့် မင်းသမီးမေသီခလား အဲသည်လို နာမည်မျိုးနှင့် ဓါတ်ပုံများဖြစ်သည်. ရင်ကို အသားပေးတာ တင်ကို အသားပေးတာ တခုမျှမရှိ။ မျက်နှာပိုင်းနှင့် လည်ပင်းပိုင်းပဲပါသည်။ အလင်း အမှောင်၊ မျက်မှာထား၊ မိတ်ကပ်၊ ဆေးရောင် အလွန်ပြေပြစ်သည့် ဓါတ်ပုံများဖြစ်သည်။ 

ယခုတော့ ပြက္ခဒိန် ၀ယ်ကျင့်မရှိတော့သဖြင့် ပြက္ခဒိန်တွေဆီ မရောက်ဖြစ်တာ နှစ်ပေါင်းကြာခဲ့ပြီ။ သွားရင်းလာရင်း တိုးလိုးတန်းလန်းချိတ်ထားသည့် ပြက္ခဒိန်များကို မြင်ရတာကတော့ သိပ်မခြေအနေ မကောင်းပါ။ ကျွန်မ သူငယ်ချင်းယောကျာ်းလေး သုံးလေးယောက်ကို ပြက္ခဒိန်ထဲက အမျိုးသမီးတွေအကြောင်း ပြောပြဖူးသည်။ အဲသည် ဓာတ်ပုံဟန်တွေကသူတို့၏စိတ်ဓါတ်ကို မည်ကဲ့သို့ဖြစ်ပေါ်စေသလဲဟု မေးကြည့်သည်။ သူတို့ကျွန်မကို ဆဲကြပါသည်။ ကျွန်မတို့ဆီမှာ သူတို့ဆီလောက် ညစ်ညမ်းမှု့တွေမရှိကြလို့တော်ပါသေးရဲ့။ လိင်ဆိုင်ရာ အသားယူ အမြတ်ထုတ်ခြင်း၊ ချဉ်းကပ်ခြင်း၊ စမ်းသပ်ခြင်းမှအစ မုဒိမ်းမှု့အထိ သူတို့နိုင်ငံမှာလိုမများလို့ တော်ပါသေးရဲ့။ မြန်မာအမျိုးသမီးတွေ၏ ၀တ်စားဆင်ရင်မှူု့လည်းတစ်ကြောင်းပါလိမ့်မည်။ မြန်မာအမျိုးသားတွေ၏ ကိုယ်ကျင့်တရားသိက္ခာ တည်ကြည်အောင် ကြိုးစားစောင့်ထိန်းချုပ်မှု့လည်းတစ်ကြာင်းပါလိမ့်မည်။ ဘတ်စ်ကားပေါ်မှာ၊ လမ်းပေါ်က လူသွားစင်္ကြင်္ပေါ်မှာလိင်မှု့ဆိုင်ရာညစ်ညမ်းသည့်အပြောအဆို၊ ဟန်အမူအရာဖြင့် အမျိုးသမီးများအား နှောက်ယှက်သည့်ယောကျာ်းတွေလည်းရှိတော့ ရှိတာပေါ့လေ။ လူနည်းစုဖြစ်သဖြင့် ကျွန်မတို့ရှောင်ရှားလို့ရပါသည်။ လူနည်းစု၏ မတော်တရာ် စိတ်ထားမျိုး လူများစုပေါ်ပေါက်လာလျှင်ဒုက္ခဟု ကျွန်မ မကြာခဏ ကြောက်ရွံ့ စိုးရိမ်မိရသည်။ ကျွန်မ တယောက်တည်းပဲ စိုးရိမ်နေသလားမသိ။ ဓါတ်ပုံရှင် အမျိုးသမီးတွေမှာ ကျွန်မထက်ပိုပြီးလုံခြုံစိတ်တွေရှိနေသလား။ ဒါမှမဟုတ် ဤကဲ့သို့သော အကြောင်းကြောင့်ထိုကဲ့သို့ အကျိုးဖြစ်ပေါ်တန်ကောင်းဟုပင်မစဉ်းစားမိကြတာလား၊ ကျွန်မ မသိနိုင်ပါ။
ယခုခေတ်သည် ရုပ်ဝတ္ထုကို အသားပေးလာသည့် ခေတ်ဟု ဆိုရမည်ထင်သည်။ အခြေအနေအရပညာနှင့်ဦးနှောက် အရည်အချင်းကို လူမြင်သာအောင် ကြွားဝါလို့မရသည့်အခါ ရုပ်ပိုင်းဆိုင်ရာ ဖြည့်စွက်မှူ့များ၏အရည်အချင်းကို ကောင်းသည်ထက်ကောင်းအောင် ကြိုးစားလာကြပုံ ပေါ်ပေါက်ပါသည်။ မိန်းခလေးတွေက ယောကျာ်းလေး၏ ၀တ်စားဆင်ရင်မှု့က ငွေကြေးတန်ဖိုးအရ တော်တော် ကို တိုးတက်လာ၏။ မိန်းမမော်ဒယ်တွေပါ နေရာရ ခေတ်စားလာသည်။

အခုခေတ်ကို မော်ဒယ်ခေတ်ဟု တချို့က သတ်မှတ်ကြ၏။ ယခု နှစ်နှစ် သုံးနှစ်အတွင်း မော်ဒယ်ယဉ်ကျေးမှူ့ထွန်းကားလာသည်မှာလည်း ကျွန်မတို့ မျက်မြင်ပဲ။မော်ဒယ်အပေါ် ထားသည့် လူကြီးမိဘ၏ သဘောထားတွေပင် ပြောင်းလဲကုန်ပြီ။ အရင်က ကိုယ်ဟန်ပြမယ်အဖြစ် ပထမဆုရသည့် သမီး၏အောင်မြင်မှူ့ကို လူထဲသူထဲမှာ ထုတ်ဖော်ဂုဏ်ယူဖို့ရှက်ရွံ့ သည့် ဖခင်များအကြောင်း ခဏခဏ ကြားခဲ့ဖူး၏။ ယခုအချိန် အဲသည်အဖြစ်မျိုးမရှိတော့ဘူးထင်သည်။ ဖက်ရှင်မယ်တွေ ဖက်ရှင်ပြိုင်ပွဲတွေသည် (ဖျက်ခံထားရ) အခန်းကဏ္ဍတခုအဖြစ် တွင်ကျယ်စွာနေရာယူလာနိုင်ပြီ။ မော်ဒယ်ပြိုင်ပွဲအတွက် သတ်မှတ်စံတွေကလည်း အမျိုးမျိုးဖြစ်လာသည်. အရင်တုန်းက ကိုယ်ခန္ခာအချိုးအဆစ် ပြေပြစ်လှပမှု့ကိုတိုင်းတာသော စံက တမျိုးတည်းသာ။ ခါးသေး ရင်ချီ အောက်ပိုင်းဖွံ့ထွားမှု့ဖြင့် တိုင်းတာသည်။ ခါးသေး ရင်ချီ အောက်ပိုင်းဖွံ့ထွားမှုဖြင့်တိုင်းတာသည်။ ယခုအခါ ပိန်ပိန် သွယ်သွယ် ကိုယ်ခန္ဓာများပါ နေရာရလာသည်။ အ၀တ်အစားတွေကလည်း စံအမျိုးမျိုး ဖြစ်လာသည်။ တလောဆီတုန်းက ကိုယ်ခန္ထာကို စုထုတ်ထားသလို ကျပ်နေအောင်ဝတ်ပြီး မိမိန္ဓာကိုယ်ကို ထင်းထင်းကြီး ရင်သပ်ရှု့မော အံ့သြစေခဲ့ကြပါသည်။ ယခုအချိန်မှာ ပွပွယောင်းယောင်း ပါးပါးပျော့ပျော့ အိအိဆိုတော့ လုံခြုံစွာ နူးညံ့စွာရင်ခုန်ရတာပေါ့လေဟု စိတ်ချလက်ချရှိသည်က ခဏပဲ။ 
တဖြည်းဖြည်း သတိထားမိလာသည်ကတော့ ၀တ်စုံတွေပိုပိုပြီး ပျော့အိလာ၊ ပိုပိုပြီး ပါးလှပ်လာခြင်းဖြစ်သည်။ ဟိုခေတ်က ၀ိုင်၊ ပဒုမ္မာတို့ မှန်နိုင်လွန်တို့လည်းပါးတာပါဘဲ။ အကျီင်္အဖြစ် ဘောလီအထက်မှာ ပါးပါးလှပ်လှပ် မြင်ရခြင်းက တစ်မျိုးအရသာ ပေါ့လေ။ ယခုခေတ်မှာကတည်းက ကျွန်မတို့မြန်မာမိန်းခလေးတွေ ၀တ်နေခဲ့သည်က လိင်င်္ဆဲဆောင်မှု့ရှိသည့် ပြန့်ထမီတွေ။ သုံးတောင်ဝတ်မိန်းမသားဟု ဆိုရိုးစကားဖြစ်ရအောင်ပင် တကယ်ကို သုံးတောင်မျှသာရှိသော အ၀တ်ဖြင့် ကျွန်မတို့ထမှဝတ်ခဲ့ကြသည်။ ပြန့်ထမီသည် အကန့်အသတ်နှင့်သာ အသုံးကျခရီးရောက်၏။ စဉ်းစားကြည့်တော့ ခြေလှမ်းလှမ်းလို့ လွယ်အောင် ဒူးဆစ်ဆီမှာ ချိတ်ဖြင့် တွယ်ချိတ်ထားလျှင်
လမ်းလျှောက်သည့်အခါ ခြေသလုံးသား ဖွေးဖွေးဟာ မမြင်ချင်မှအဆုံး ဖြစ်လိမ့်မည်။ 
ခြေသလုံးဖုံးရန်ချိတ်ကို ခြေသလုံးထိဆင်းပြီး တွယ်ချိတ်ထားပြန်တော့လမ်းလျှောက်သည့်အခါတုံ့
နှေးတုံ့နှေးဖြစ်မည်။ 

ခြေတလှမ်းကုဋ္ဋေတသန်းတန်အောင် နှေးကွေးစွာစိပ်စိပ်လှမ်းနေရမည်။ ပြန့်ထမီ မကောင်းသော ပြစ်ချက်နောက်တစ်ခုမှာ အမျိုးသမီး၏ ခါးအောက်ပိုင်း ရှေ့ပိုင်းမြင်ကွင်းကို အ၀တ်စ နှစ်ထပ်ဖြင့်သာ ကာကွယ်ပေးနိုင်ခြင်းဖြစ်သည်။ ဘယ်မှညာသို့ပတ်သော အပ်ါလွှာ၊ တထပ်ဒါပဲ။
ဟိုတုန်းက ပိုးထည်တွေကလည်း အပါးသားမဟုတ်လား။ မပြအပ်သည့် အရာ၏ အရေးအကြာင်းတို့ကို သိပ်ဖုံးကွယ်ပေးနိုင်မည် မထင်ပါ။ 

နောက်ပိုင်းမှာ ကွင်းထမီ၏ ကောင်းကျိုးတွေကြောင့် ဖြစ်သည်ခြေလှမ်းရတာလွယ်ကူသည်။ ခြေလှမ်းတော်တော်ကျဲလိုလျှင်ထမီအထက်ဆင်စကို စုလုံးပြီး ခြေသလုံးပေါ်အောင် တိုတို ၀တ်နိုင်သေး၏။ ရှည်ချင်လျှင်အထက်ဆင်ပိုင်းကို ဖြန့်ပြီး ခြေမျက်စိဖုံးအောင် ၀တ်နိုင်သေး၏။ ကွင်းထမီ်၏ ကျွန်မအကြိုက်ဆုံးမှာ ခါးအောက်ပိုင်းရှေ့မြင်ကွင်းကို တော်တော်လုံခြုံအောင် ဖုံးပေးနိုင်ခြင်းပင်ဖြစ်သည်။ စကတ်မှာက အ၀တ်စ တလွှာတည်းသာ ဖုံးထားသည်။ စကတ်ထမီမှာ ရှေးခေတ်က ပြန့်ထမီမှာ အောက်လွှာနှင့် အပေါ်လွှာဟု နှစ်ထပ်ဖြင့်သာဖုံးထားသည်။ ကွင်းမှာက သုံးထပ်.... ဘယ်မှ ညာသို့ပတ်ယူသော အောက်အလွှာတထပ်၊ ညာမှ ဘယ်သို့ ယူ၍ ချိတ်သောအပေါ်လွှာက နှစ်ထပ် မဟုတ်လား။ အားလုံး သုံးထပ်ပေါ့။ ဘယ်လောက်လုံခြုံလိုက်ပါသလဲ။

ယခုတလော မိန်းခလေးတွေ ပါးပါးလှပ်လှပ် ပျော့ပျော့အိအိ အ၀တ်စများကို ဂါဝန်ဖြောင့်ဖြောင့် အရှည်ကလေးတွေ စကပ်ကလေးတွေချုပ်ဝတ်နေတာ မြင်ရသည်။ အ၀တ်အဆင် ကလေးတွေလှပါရဲ့ ဆန်းပါရဲ့။ တစ်ခါတလေ အ၀တ်က ပါးလို့လား. ချုပ်တဲ့သူက အချိုးမကျလို့လာူ။ ကိုယ်ခန္ဓာကိုက ထင်ရှားနေလို့လားမသိ၊ ရှေ့မြင်ကွင်းက သိတ်မလှပတာတွေ ကျွန်မကြုံရမြင်ရသည်။ လိင်ဆွဲဆောင်မှု့တော့ ဖြစ်စရာမဟုတ်၊ ဟားစရာပဲ ဖြစ်နေမည် ထင်သည်။ ကျွန်မကိုက မိန်းခလေးတွေနှင့် ပတ်သက်ပြီး နည်းနည်းမျှ ပြောစရာအကွက် မဖြစ်စေချင်လို့လား မသိ။ မြင်လို့ကတော့ သိတ်မကောင်းတာ အမှန်ပါပဲ။ အပေါ်က တီရှပ်ပွပွ ရှည်ရှည်ကြီးတွေဖုံးင်္ပြီး ၀တ်ထားတာမြင်ရလျှင် ကျွန်မ စိတ်ချမ်းသာရလေသည်။ ကျွန်မတို့ဆီမှာ သူတို့နိုင်ငံတွေမှာလို လုပ်ငန်းခွင်မှာ လိင်အမြတ်ထုတ်ခံရခြင်း သိတ်မရှိဘူးထင်သည်။ သိတ်မကြားရဘုးဆိုတော့ သိတ်မရှိလို့ ဖြစ်မှာပေါ့နော်။ သူတို့ဆီမှာတော့ အလုပ်ရှင်က အလုပ်သမကို အသားယူတာ၊ အမြတ်ထုတ်တာ၊ ဆတ်ဆော့တာ၊ မြူဆွယ်ဖျားယောင်းတာ ခဏခဏ ကြားရဖူးသည်။ တရားရုံးတွေမှာ အဲသည်လိုအမှုတွေ အများကြီးပဲဟု ပြောပြပါသည်။ ကျွန်မတို့ဆီက အစိုးရရုံးတွေ ပုဂ္ဂလိကရုံးတွေမှာ အဲဒီ မတော်တရော်အဖြစ်တွေ သိပ်အသံမထွက်လာပေ။ ကျွန်မတို့မိန်းမတွေက သူတို့ဆီက မိန်းမတွေထက်ပိုပြီး အနေအထိုင် ထိန်းချုပ်လို့လား။ ကျွန်မတို့ဆီက မိန်းမတွေက သူတို့ထက်ပိုပြီး ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားကြလို့လား။ သို့မဟုတ် အမှူု့ကို ရဲတိုင်လောက်အောင် သတ္တိမရှိကြလို့လား။(ဖျက်ခံထားရ) အကြောင်းတော့ အမျိုးမျိုးရှိမှာပေါ့လေ။

အထည်ချုပ်စက်ရုံက အလုပ်သမားလေးတွေဆီက မကျေနပ်အသံမျိုးတွေတော့ ကျွန်မ တခါတခါ ကြားရဖူးပါရဲ့။ ဒါက ရာခိုင်နှုန်းနှင့်ယှဉ်တော့ သိပ်မရှိပါ။ ဒါကလည်း တချို့က လုပ်ငန်းခွင်မှာ အဆင်မပြေမှာစိုးလို့ အလုပ်လက်မဲ့ ဖြစ်မှာစိုးလို့၊ အရှက်ကွဲမှာစိုးလို့ သည်းညည်းခံ မြိုသိပ်နေခဲ့သည့် အမှုတွေ ဘယ်လောက်များမှန်းမသိ။. ဘတ်စ်ကားပေါ်မှာ မတော်တရော် ထိတွေ့မှုတွေဖြင့် အမျိုးသမီးတွေ အမြတ်ထုတ်ခံနေကြတာရတာကလည်း အရေအတွက်တော့ မနည်းလှပါ၊ သူတို့ တိုင်တော တာတွေလည်း တခါမှ ကျွန်မ မကြုံဘူး မကြားဘူးပါ။ သည်တော့ ရဲစခန်းမှာ တိုင်ချက်ဖွင့်သည့် လိင်ဆိုင်ရာ အမြတ်ထုတ်ခံရမှု့များ ဘယ်လောက်များပြားနေခဲ့သလဲ၊ စာရင်းဇယားမှန်းခြေ ကျွန်မတို့ မသိနိုင်ပါ. မတိုင်ကြဘူးဆိုတော့ သိပ်နစ်နာစွာ အမြတ်ထုတ်ခဲ့ခြင်းမျိုး မဟုတ်လို့ပဲဟု စိတ်ဖြေစရာ ရှိပါသည်။ ဘာဘဲဖြစ်ဖြစ် လမ်းပေါ်မှာ အငှားကားပေါ်မှာ တွေ့ရမည့် ယောကျာ်းတွေသည်ပြစ်မှု့ကျုးလွန်ရန်အလားအလာရှိသော(Potential) စိတ်ဓါတ်ပိုင်ရှင်များ ဖြစ်ကြသည်မှာ အမှန်ပဲဖြစ်သည်။ အခြေအနေနှင့် အချိန်အခါ အခွင့်အရေး သင့်တင့်မျှတလျှင် ယိမ်းယိုင်နိုင်စွမ်း ရှိသူများချည်း ဖြစ်သည်မဟုတ်လား။ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ စိတ်ယိမ်းယိုင်မှု့အလားအလာသိပ်မကွာပေမယ့် ခန္ထာဗေဒနှင့် ဇီဝရုပ်တည်ဆောက်ပုံ ဇီဝကမ္မသဘောတရားအရ ယောကျာ်း၏ စိတ်ယိမ်းယိုင်မှူက ပိုလျင်မြန်သည်ဆိုတာ မိန်းခလေးတွေသဘောပေါက်ထားသင့်သည်။ ကျွန်မတို့ မသိသော ယောကျာ်းတွေ၏ မြင့်မြတ်မှု့အပေါ် မိမိ၏ လုံခြုံမှုကို ပုံအပ် ယုံကြည်ပစ်လိုက်မည့်အစား မိမိကိုယ်တိုင် ထိန်းချုပ်ရှောင်ကြဉ် ခြင်းခြင့် လုံခြုံမှုရထားဖို့ မလိုအပ်ဘူးလား။

မိမိ၏ စိတ်ဆန္ဒသဘောတူညီမူမပါဘဲ မိမိ၏လိင်အပေါ်မှာ အမြတ်ထုတ် အသားယူခံရသည့်အဖြစ်မှာ ကျွန်မတို့မိန်းခလေးတွေအတွက် ဆိုးဝါးတဲ့ နစ်နာမှုပဲ။ ဒါထက် ဆိုးတာက ကျွန်မတို့ကလည်း နစ်နာသေးရဲ့ အဲဒီ နစ်နာမှူ့ဟာ ကျွန်မတို့ ၀တ်စားဆင်ယင်ပုံ လျှပ်ပေါ်လော်လီလို့ ဖြစ်ရတာပေါ့ဟု စော်ကားသူတွေဘက်က ဆင်ခြေပြနိုင် လောက်အောင်လည်း ကျွန်မတို့မှာ ဟာကွက်တွေ ရှိနေမယ်ဆိုလျှင် ကျွန်မတို့ဘက်မှ နှစ်ခါမနာရပေဘူးလား။ တခါတခါ နိုင်ငံခြား ရုပ်ရှင်မင်းသမီးများ၏ ၀တ်စားဆင်ယင်ပုံကိုကြည့်ပြီး ကျွန်မတို့ စိတ်အခန့်မသင့်ဖြစ်ရသည်။ သူတို့က ကျွန်မတို့နှင့် ပြောင်းပြန် ကိုယ်အထက်ပိုင်းကို ဖော်နိုင်သမျှ ဖော်ဖို့ကြိုးစားတီထွင်ပြကြ၏။ တချို့ဝတ်ထားသည့် အ၀တ်အစားတွေက ရင်သားကို နည်းနည်းကလေး ဖုံးသည်ဆိုရုံကလေး ဖုံးဟန်ပြထားသည့် ပုံစံမျိုး။ ဖြစ်မှဖြစ်ရလေ ဒါဆိုလဲ ၀တ်မနေပါနဲ့တော့ တခါတည်း ချွတ်ပဲထားလိုက်ပါတော့လား ......... ဟု ကျွန်မ ရေရွတ်မိသည်အထိ စိတ်အနှောက်အယှက် ဖြစ်ခဲ့ကြရသည်။(ဖျက်ထားခံရ)

ဘာကြောင့်များ မိမိနှင့် မသက်ဆိုင်သည့် ယောကျာ်းအားလုံးကို ပြချင်ရတာလဲ။ မိန်းမတွေရဲ့ အဲဒီစိတ်ဟာ တော်တော်ထူးဆန်းတာပဲ ... ဟု ကျွန်မ နားမလည်နိုင်အောင်ဖြစ်မိသည်။ အဲဒီလို မိန်းမတွေဟာယောကျာ်းနှင့် မိန်းမ တန်းတူအခွင့်အရေးရော လိုချင်ရဲ့လား၊ ယောကျာ်း၏ ဥာဏ်ရည်ကို ရင်ဘောင်တန်း အမှီလိုက်နိုင်သည့် ဥာဏ်ရည်မျိုးတွေရော လိုချင်ရဲ့လား။ မိမိ၏ မိန်းမဆန်ဆန် လှပနွဲ့နှောင်းမှူ့ခန္ဓာ၏ လိင်ခွန်အားကိုသာ အဓိက တန်ဖိုးထားသူများဖြစ်လေသလား။ ကိုယ့်ကိုကိုယ် ချစ်သည့်(Narcissus) အမျိုးအစားအဖြစ် သတ်မှတ်ရမလား။

ရုပ်မြင်သံကြားမှာ ရုပ်ရှင်မှာ အဲလို မိန်းမမျိုးတွေက အလှအပကို မတော်တရော် ပြရော၊သူတို့ ကိုယ်တိုင်ကျတော့ လမ်းပေါ်မှာ လုပ်ငန်းခွင်မှာ လျှောက်သွားနေရတာ မဟုတ်၊ လုံခြုံရေးအစောင့်တွေနှင့်အလုံပိတ် အဖိုးတန်ကားတွေနှင့် လုံခြုံရေးစနစ် ကောင်းကောင်းဖြင့် စောင့်ရှောက်ကာကွယ်ထားသော အိမ်ကြီးတွေနှင့် လုံခြုံလို့။ သူတို့ကိုကြည့်ပြီးမတော်တရော် စိတ်တွေထကုန်မယ့် ယောကျာ်းတချို့ကိုသူတို့ ကြုံကြိုက်ရင်ဆိုင်ရမှာ မဟုတ်၊ အဲသည်Potential ယောကျာ်းတွေကို လျှပ်စစ်ကူးအောင် သူတို့ကဖန်တီးပေးလိုက်မိပြီ ဆိုတာလည်း အသိဝင်စရာ မလိုပေ။ အဲဒီယောကျာ်းတွေကိုကြုံကြိုက်ရင်ဆိုင်ရသည်က သာမန် အမျိုးသမီးကလေးတွေ ....။ အလုပ်ခွင်မှာ ... ၊ ဘတ်စကားပေါ်မှာ ...၊ မြေအောင်ရထားဘူတာရုံမှာ နေ့စဉ်အမျှ ရုန်းကန်လှူပ်ရှားနေကြသည့် မိန်းကလေးတွေ ...။ သူတို့လေးတွေကသာ ထိုယောကျာ်း အမျိုးအစားအတွက်သားကောင်တွေဖြစ်ရသည်။ သူတို့လေးတွေမှာ ဘော်ဒီဂတ်မရှိပါ။ လက်နက်ကိုင် လုံခြုံရေးရေး အစောင့်မရှိပါ။

အဖိုးတန်ကားကြီးတွေ မရှိပါ။ သူတို့လေးတွေကသာ ထိုယောကျာ်းတွေ၊ လမ်းပေါ်မှာလည်း ယောကျာ်းတွေ ...... မြေအောက် ရထားဘူတာရုံမှာ ရထားတွဲထဲမှာလည်း ယောကျာ်းတွေ ..... မိမိ တိုက်ခန်းအ၀င် စင်္ကြန် ဟိုဘက် သည်ဘက် တွေမှာလည်းယောကျာ်းတွေ ...။ သည့်ထက်လုံခြုံသည့် တိုက်ခန်း သို့လည်း ငွေကြေး အခြေအနေရ မပြောင်းနိုင်။ သူတို့အတွက် ဘာကို အကာအကွယ်ယူရမှာလဲ။ အဲသည်အခါမျိုးမှာ မိမိဘေးအတွက် ယောကျာ်းတို့၏ မြင့်မြတ်မှူု ကို အားကိုးယုံကြည်ထားရရုံဘဲလား။ တခြား ဘာနည်းတွေများ ရှိသေးလို့လဲ။ ကျွန်မတို့ မိန်းမတွေမှာ နူးညံ့ပျော့ပြောင်းမှူအရ၊ ကိုယ်ခန္ဒာ၏ တည်ဆောက်ပုံ သဘာဝအရယောကျာ်းတွေ၏ သားကောင်ဘ၀သို့ရောက်နေကြပြီးသားပါ။ 

ကျွန်မတို့ဟာ သူတို့ရဲ့သားကောင်ပါလား... ဟူသည့်အမြင်မျိုး သူတို့မှာ ပျောက်ကွယ်သွားအောင် ဒါမှမဟုတ် တတ်နိုင်သမျှ သူတို့ မေ့ထားလို့ရအောင် ကျွန်မတို့က နည်းမျိုးစုံဖြင့် ရှောင်တိမ်းကာကွယ် နေမှဖြစ်မည်။ သူတို့နှင့် ဥာဏ်ရည်တူအောင် အရည်အချင်းတူအောင် ကိုယ့်ကို လေးစားလာအောင် ကျွန်မတို့ လုပ်နိုင်နိုင်တာပဲ။ ကိုယ်ခန္ဒာအလှအပ၊ အသားအရည် နူးညံ့မှု စသည်တို့ဖြင့်ဆွဲဆောင်စရာ အဖြစ်မျိုးတွေ တခါ နှစ်ခါ တယောက် နှစ်ယောက်နှင့်တော့ ကြုံရမှာပေါ့။ တော်ပြီပေါ့။ ဘာဖြစ်လို့ ဒီလက်နက်တွေကိုချည်း အရေးတယူ ထုတ်သုံး နေရသလဲ။ တခြားလက်နက်တွေ မရှိလို့များလား။ အဲဒီ ဓါတ်ပုံဆရာ ကြော်ငြာဒါရိုက်တာတွေက ယောကျာ်းချည်ပဲမို့ ယောကျာ်းတွေရဲ့အကြိုက်ကို သိတတ်စွာဖြည့်ဆည်း ပေးနေကြတာလား။

ကျွန်မအူကြောင်ကြောင် စဉ်းစားကြည့်လိုက်တိုင်း ဦးနှောက်တွေ ခြောက်ခြားသွားသည်။
သေချာတစ်ခုကတော့ ကျွန်မတယောက်ထဲ အတွေး တွေခေါင်နေခြင်းဖြစ်ရမည်။ ကမ္ဘာလောကကြီင်္းကတော့ သာယာလို့၊ လှပ ...လို့၊ ယောကျာ်းတွေနှင့် မိန်းမတွေကလည်း အပေးအယူတွေမျှလို့၊ အနုပညာဖန်တီးသူနှင့် ခံစားသူ ပြေလည်လို့၊ (အဖျက်ခံထားရ)အားလုံးချောမွေ့လျက်ရှိသည်။

(သင့်ဘ၀အောင်မြင်ရေး အမှတ် (၁၀)၊ ၁၉၉၉ ခုနှစ်ထုတ်မဂွဇင်းမှ ဂျူးရဲ့ မတော်တရော် ဆောင်းပါး ဖြစ်ပါတယ်)



No comments:

Post a Comment

Post နဲ့ ပတ်သက်ပြီးထင်မြင်ချက်များကို ရေးသွားနိင်ပါတယ်၊