,

WELCOME..... TO..အလင်းတန်း.... မှ....အားလုံး....ကို.... ကြိုဆို....နေပါတယ်,,,,,,,WE..... SUPPORT..... KIO/A,,,,,,,STANDBY.... FOR.... YOUR DUTY,,,,,,Jiwoi Jiwa Ni e Dudaw, Saihkaw Let Makawp Maga Hkinghtawng Jawda Sai, Ginru Ginsa Labau Htunghking Hte Nganggrin Nga Ai Chyurum,Dairum ai Jinghpaw Wunpawngsha Amyu Lakung Lama Yawng A Dailup Daihpang Lamu ga, Mungdaw Mungdan Wa Ya Daini Myen Hpyen Wa Up Sha nga ai lu?

Wednesday, November 17, 2010

KIO/KIA အသွင်ကူးပြောင်းရေးအပေါ်ကချင်အမျိုးသားတစ်ဦး၏အမြင်

အလုပ်မဖြစ်သောတွေ့ဆုံမှူ့များ

၁။                 KIO/ KIA အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက်နှစ်ဦးနှစ်ဘက် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်မှာ အချိန်ကာလတစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်သော်လည်း တိုးတက်ဖြစ်ထွန်းမှူ့ တစ်စုံတစ်ရာမရရှိခဲ့ပါ။ အသွင်ကူးပြောင်းရေးသည် ကချင်အမျိုးသား
နိုင်ငံရေးကို သာမက ကွဲရှလွယ်သော ကိစ္စရပ်ဖြစ်သောကြောင့် ခိုင်မာတိကျသော စည်းမျဉ်း၊ မူဝါဒများ ချမှတ်ပြီး အချိန်ယူ ကိုင်တွယ်သွားရမည့် အမျိုးသားရေး လုပ်ငန်းစဉ် ဖြစ်သည်။ ဤလုပ်ငန်းစဉ်မှ ထွက်ပေါ်လာမည့် ရလဒ်များသည်လည်း Legitimacy ရှိရပါမည်။ ဤလုပ်ငန်းစဉ်တွင် ပါဝင်နေသော Stake Holder အားလုံးသည်လည်းအပြန်အလှန်လေးစားမှူ့နှင့် ရိုးသားပွင့်လင်းမြင်သာမှူ့များရှိရန် အထူးအရေးကြီးပါသည်။

ပြောင်းလဲလာသောချဉ်းကပ်မှူ့

၂။       ၂၀၁၀ခုနှစ်၊ ဧပြီလတွင် အမှတ်(၁)၊ စက်မှူ့ဝန်ကြီးဦးအောင်သောင်းမြစ်ကြီးနား သို့ရောက်ရှိ
လာပြီး အသွင်ကူးပြောင်းရေးလုပ်ငန်းစည်းဝိုင်းအတွင်း ၀င်ရောက်ခြင်းဖြင့် နယက သည် ၎င်း ၏
ချဉ်းကပ်နည်းဗျူဟာ အသစ်ကို စတင်လိုက်သည်။
                    ဦးအောင်သောင်းသည် ၀န်ကြီးချုပ်သိန်းစိန်အပါအ၀င်များစွာသောဝန်ကြီးများထက် စီနီယာကျသူဖြစ်ပြီး တပ်ချူုပ်၊ ဒုတပ်ချူပ် တို့နှင့်လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူဖြစ်သည့်
(၄င်း၏သားဖြစ်သူ ဗိုလ်မှူးပြေအောင်သည် ဒုဗိုလ်ချုပ်သမီး စန္ဒာအေးခင်၏ ခင်ပွန်းဖြစ်သည်)  ၄င်းသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီးပေါ်ထွန်းလာမည့် အစိုးရအဖွဲ့တွင်ပါဝင်လာနိုင်သူအဖြစ်အများက ရှူ့မြင်ခြင်းခံနေရသူလည်းဖြစ်သည်။
         
အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် စည်းဝိုင်းအတွင်း အရပ်သားအသွင်ယူထားသော ဦးအောင်သောင်း ၀င်ရောက် လာခြင်းမှာ အရပ်ဘက်၊ စစ်ဘက် (၂)လမ်းသွား စည်းရုံးရေးလမ်းကြောင်း အသစ်ဖွင့်လိုက်သည့်သဘော သက်ရောက်ပါသည်။ ၂၀၁၀၊ မေလ၌ မြစ်ကြီးနားသို့ ဒုတိယအကြိမ် ရောက်ရှိလာသော ခရီးစဉ်အတွင်းမြို့ပေါ်ရှိ ကချင် Civil Society များဖြစ်ကြသည့် ကချင် အတိုင်ပင်ခံအဖွဲ့၊ ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု့ကော်မတီ၊ အခြား ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် အသွင်ကူးပြောင်းရေးနှင့်စဉ်လျဉ်း၍ ကချင်လူထု၏ သဘောထားအမြင်များကို ကြားသိလိုကြောင်း နှင့် အကြံဥာဏ်ကောင်းများလည်း ပေးကြစေလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဤအချက်သည် ကချင်လူထုနှင့်ကေအိုင်အိုအကြား တောင့်တင်းခိုင်မာသော ဆက်ဆံရေးရှိနေကြောင်း သွယ်ဝိုက် အသိအမှတ်ပြုရာရောက်သလို ကေအိုင်အို ကိုလည်း ကချင်လူထုနှင့် စည်းခြားထားကာ သီခြားထား ချဉ်းကပ်ဆက်ဆံရန် မဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြသလိုက်ခြင်းပင်ဖြစ်သည်။
                    တစ်နည်းဆိုရလျှင် နောင်တက်လာမည့် အစိုးရ၏ စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေးကို မြေစမ်းခရမ်းပျိုးလိုက်ခြင်းဖြစ်သည်။

အချိန်ဆွဲခြင်းမဟုတ်၊ အချိန်ယူခြင်းသာ

၃။                အဖွဲ့အစည်းတစ်ခုသည် ဆွေးနွေးဖက်များ Weak ဖြစ်နေလျှင်သော် ၎င်း၊ မိမိဘက်က အလေးသာမည့် အနေအထားများကိုတွေ့လာလျှင်၎င်း၊ ဆွေးနွေးပွဲနှင့်လုပ်ငန်းစဉ်ကို အချိန်ဆွဲလေ့ရှိပါသည်။ ၁၉၈၅ ခုနှစ်တွင် အာဏာရ ဖဆပလပါတီ နှစ်ခြမ်းကွဲစဉ်က ပါလီမန် အတွင်းမဲခွဲဆုံးဖြတ်ရာ၌ ဦးနု ၏ သန့်ရှင်းက ဆွေ-ငြိမ်း တည်မြဲအပေါ် (၉)မဲအသာဖြင့် ပွတ်ကာသီကာ အနိုင်ရရှိခဲ့သည်။ ထိုသို့ အနိုင်ရခြင်းမှာလည်း မြေပေါ် ကွန်မြူနစ်ပါတီဖြစ်သည့် ပမညတ၏ ထောက်ခံမဲ (၄၅) မဲ ကြောင့်ဖြစ်သည်။

          ဦးနု၏ သန့်ရှင်းအစိုးရသည် Weak Government ဖြစ်သည်ကို သိသော ကွန်မြူနစ်သူပုန်များသည်  အလင်းဝင်ရန်အသင့် ဖြစ်နေသည့်အချိန်၌ ပိုမိုတင်းမာသော တောင်းဆိုမှူ့များပြုလုပ်ကာ အချိန်ဆွဲထားခဲ့သည်။ ထို့အတွက်ကြောင့် လက်တစ်ကမ်းသာ
လိုတော့သော ပြည်တွင်းငြိမ်းချမ်းရေး ပျက်ပြားခဲ့ရပြီး နိုင်ငံရေးမတည်ငြိမ်မှု့များစွာကို
ကြုံတွေ့ဖြတ်သန်းခဲ့ရသည်။

          နယကသည် Weak Government မဟုတ်ပါ။ ထို့အတူ KIO သည်လည်း လမ်းပြမြေပုံ(၇)ချက် အတိုင်း ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း အခိုင်အမာ ထုတ်ဖော်ပြောဆို ပြီးလည်း ဖြစ်သည်။ စစ်မှန်သောပြည်ထောင်စုကို တည်ဆောက်သွားရန်ဆန္ဒရှိကြောင်း နှစ်ဦးနှစ်ဘက် အခိုင်အမာ ထုတ်ဖော်ပြောပြီးလည်းဖြစ်သည်။ ထို့ကြောင့်အသွင်ကူးပြောင်းရေးမှာ win-win situation ဖြစ်ပါသည်။

          KIO သည် ၁၉၆၉၊ ၁၉၇၆ ၌ ပါတီနှင့်အဖွဲ့အစည်းအတွင်းမူဝါဒလမ်းစဉ်အပြောင်းအလဲ (၂) ကြိပြုလုပ်ခဲ့ရာတွင် ကချင်လူထုနှင့် တပ်တွင်းအင်အားစုများ နားလည် လက်ခံ သဘောပေါက်
လာရန်အတွက် အချိန်၊ အသက်၊ သွေး၊ ချွေး များစွာပေးဆပ်ခဲ့ရပါသည်။ ယခုကြုံတွေ့နေရသည့် အသွင်ကူးပြောင်းရေးမှာ ပါတီတွင်းမူဝါဒ ပြုပြင်ပြောင်းလဲရေးသက်သက်မဟုတ်ပါ။ အနှစ်(၄၀) ကျော် အကြာ အစိုးရတစ်ရပ်အသွင်ဖြင့် ဖြတ်သန်းလာခဲ့ပြီဖြစ်သော စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြည်ထဲရေး အစရှိသောဌါနများ၊ ကချင်အမျိုးသား အမှန်လက္ခဏာတစ်ရပ်ဖြစ်သည့် KIA တပ်မတော်၊ ကချင်အမျိုးသားနိုင်ငံရေး၏ ဦးဆောင်အဖွဲ့အစည်း KIO တစ်ခု( အသွင်သဏ္ဍာန်အရ၎င်း၊ အနှစ်သာရအားဖြင့်လည်းကောင်း လုံးဝပြောင်းလဲသွားမည့် Dignity၊ Identity Change ဖြစ်သည်။ ဤသို့သော National Issue ကို အချိန်တိုအတွင်းပြီးပြီး ရောလုပ်၍မရပါ။

          KIO သည်အပစ်အခတ်ရပ်စဲရေးအတွက် (၁၉၆၃-၁၉၉၃) န.ယ.က သည်ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြု ပြဋ္ဌါန်းနိုင်ရေးအတွက် (၁၉၉၃-၂၀၀၈) စစ်ဘက်မှ အရပ်ဘက်ချုပ်ရေး ကူးပြောင်းနိုင်ရန် အတွက် (၁၉၉၈-၂၀၁၀) အထိ အချိန်ယူခဲ့ရသည်ကို ထောက်ရှု၍ KIO အနေနှင့် အချိန်အတိုင်းအတာ တစ်ရပ်ယူရဦးမည်မှာ ထင်ရှားနေပေသည်။

လွှတ်တော်အတွင်းအဖြေရှာ

၎။                 ၂၀၁၀ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်အသီးသီးနှင့်ပေါ်ထွန်းလာမည့် ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် De Jury ဖြစ်သည်။ ထို De Jury Government က အတည်ပြုသော ပြဋ္ဌါန်းချက်များသည်လည်း Legitimacy ရှိမည်ဖြစ်သည်။ ကေအိုင်အို အပါအ၀င် အခြားသောငြိမ်း/ပစ်ရပ်အဖွဲ့များ အသွင်ကူုးပြောင်းရေးကို အဆိုပါလွှတ်တော် အသီးသီးတွင်ဆွေးနွေးဆုံးဖြတ်အဖြေရှာခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။

          ထိုလွှတ်တော်အသီးသီး၌ Proxy, Pro KIO ကိုယ်စားလှယ်မှ အဆို တင်သွင်းကာ Lobby လုပ်နိုင်ရန်လည်းအရေးကြီးပါသည်။ Proxy, Pro KIO မဟုတ်သော်လည်း KIO အားဂုဏ်သိက္ခာရှိစွာ အသွင်ပြောင်းစေလိုသော ကချင်ပါတီအမတ်များ၊ တစ်သီးပုဂ္ဂလ ကချင် အမတ်များ များနိုင်သလောက်များရန် အထူးပင်အရေးပါပါသည်။

          န.ယ.က သည်လည်း ၎င်း၏ ကိုယ်ပွါးများဖြင့် ရွေးကောက်ပွဲဝင်ရန် တာစူနေပြီ ဖြစ်ရာ KIO အနေဖြင့် သင့်လျော်သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ကချင်အမတ်လောင်းများကို (ရှမ်းမြောက်ဒေသအပါအ၀င်) ပြည်နယ်လွှတ်တော် မဲ ဆန္ဒနယ်(၄၆)၊ ပြည်သူ့လွတ်တော် (၂၃)၊ အမျိုးသားလွှတ်တော် (၁၆) နေရာ စလုံးတွင်ပါဝင်ယှဉ်ပြိုင်ခြင်းကိုအားပေးသင့်ပါသည်။ KIO သည် လမ်းပြမြေပုံအတိုင်းဆက်လက်ချီတက်မည်ဟုထုတ်ဖော်ပြောဆိုထားပြီးဖြစ်ရာ ရွေးကောက်ပွဲကို တစ်နည်းတစ်ဖုံဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ အားပေးခြင်းဖြင့် ဂုဏ်သိက္ခာ မထိခိုက်ပါ။ KIO သည်ပါတီထောင်ပြီး ယှဉ်ပြိုင်ရန်လည်းမလိုပါ။ အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ဥပဒေအရ အနိုင်ရပါတီက အစိုးရဖွဲ့ရေး ဆိုသည်မှာ မဖြစ်နိုင်သောကြောင့်ပင်။ သီးသန့် မဲဆန္ဒနယ်များ သတ်မှတ် ပေးရန်လိုသည်။

၅။       အိမ်ရှင်ဖြစ်သူကို အိမ်ဦးခန်း၌နေရာပေးခြင်းသည် ယဉ်ကျေးသော လူ့ အဖွဲ့အစည်း၏ လောက ဓမ္မတာဖြစ်ပါသည်။ မဆလခေတ်က ကချင်ပြည်နယ် အတွင်း ရွေးကောက် တင်မြှောက်ပွဲတွင် မြို့နယ် (၁၈) မြို့နယ် အနက် ကချင် လွှတ်တော်ကိုယ်စားလှယ်များ (၈)မြို့နယ် တွင်သာ အနိုင်သော်လည်း ကချင်ပြည်နယ်ဖြစ်သောကြောင့် ကချင်အမျိုးသားသာလျှင် ဥက္ကဋ္ဌ ဖြစ်ရမည်ဟု တပ်မတော်က အခိုင်အမာရပ်တည်ခဲ့ခြင်းဖြင့် ကောင်းမြတ်သော အစဉ်အလာကို လိုက်နာကျင့်သုံးခဲ့ကြောင်းတွေ့မြင် ရပါသည်။

          ပြည်ထောင်စုရှိ အမျိုးသားပြည်နယ် (၇)ခုတွင် သက်ဆိုင်ရာပြည်နယ်ရ အမျိုးသားက အကြီးအကဲ အဖြစ်ဦးဆောင်ပြီး အစိုးရအဖွဲ့ကို အဆိုပါပြည်နယ်ရဲ့ အမျိုးသား အများစုဖြင့် ဖွဲ့စည်းနိုင်မည်ဆိုပါက မြန်မာနိုင်ငံတစ်ဝန်း မကြုံစဖူး ငြိမ်းချမ်းသာယာသွားနိုင်ကြောင်းဆိုရဲပါသည်။ တိုင်းရင်းသားတို့၏ အာသီသ
မှာလည်း ထိုအတိုင်းပင်ဖြစ်ကြောင်း ဆိုဝံ့ပါသည်။ ပြည်နယ်များတွင်ထိုကဲ့သို့သော အစိုးရပေါ်ပေါက်လာ
စေရန်အတွက်သီးသန့်မဲဆန္ဒနယ်များသတ်မှတ်ပေးရန်လိုပါသည်။

          သို့ဆိုရခြင်းမှာလည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ “ကချင်တစ်ဥင်္ီးမှ မပါသော ကချင်ပြည်နယ်အစိုးရ” ကို ဖွဲ့စည်းနိုင်ကြောင်း လေ့လာတွေ့ရှိရသောကြောင့်ဖြစ်ပါသည်။ (ပုဒ်မ -၂၆၀၊ ၂၆၁၊ ၂၆၂၊ ၂၈၈)။
          သီးခြားမဲဆန္ဒနယ်သတ်မှတ်ပေးရန် နယက ထံ ရှင်းလင်းပြတ်သားစွာ တင်ပြရယူခြင်းသည် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် အကောင်းဆုံးနှင့်ပထမဆုံးလှမ်းရမည့်ခြေလှမ်းဟု ရှူ့မြင်ပါသည်။ အခြေခံဥပဒေတွင် ယင်းကိစ္စရပ်နှင့်ပတ်သက်၍ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်၏ တာဝန်သာဖြစ်ကြောင်း ဖော်ပြထားပါသည်။ (ပုဒ်မ ၃၉၉)

ကချင်လူထု၏ အတွင်းစိတ်ကို ဖွင့်ကြည့်ခြင်း

၆။                ကချင်လူထုအများစုသည် KI0/KIA အားအမျိုးသားနိုင်ငံရေး၏သင်္ကေတအဖြစ်ရှူ့ 
မြင်လက်ခံထားကြပါသည်။ KIO/KIA ၏လုပ်နည်းလုပ်ဟန်အချို့အား ရံဖန်ရံခါ အားမလိုအားမရ
ဖြစ်ကြသော်လည်း အမျိုးသားနိုင်ငံရေး၏ ဦးစီးဦးဆောင်အဖြစ် သတ်မှတ်ထားပါသည်။

          အမျိုးသားရေးလက္ခဏာပါသော ကချင်လက်နက်ကိုင်အဖွဲ့အစည်းးမရှိပါက ကချင်လူမျိုးများ
 သိမ်ငယ်ညှိုးနွမ်း ဂုဏ်သိက္ခာမဲ့သွားမည်ဟုခံယူကြပါသည်။ နှစ်ပေါင်း (၄၀)ကျော်ကြာ အသက်
သွေးချွေးပေးဆပ်ခဲ့ပြီးဖြစ်သော KIA/KIO ကိုလည်း မည်သို့ပင် အသွင်ပြောင်းသွားစေကာမူ
သိက္ခာရှိသည့် အမျိုးသား သင်္ကေတ အဖြစ်ဆက်လက်မြင်တွေ့လိုကြပါသည်။

          ကချင်လူထုသည် ထွက်ပေါ်လာမည့် ကချင်ပြည်နယ်အစိုးရလက်အောက်ရှိဝန်ကြီးဋ္ဌါနများတွင်
လက်ရှိ KIO အဖွဲ့အစည်းရှိဋ္ဌါနကြီးများမှ ၀န်ထမ်း၊ အရာထမ်းများကို ထည့်သွင်းခြင်းကို လိုလား
ကြပါသည်။  အကယ်၍၀န်ကြီးဋ္ဌါနများတွင် မထည့်သွင်းနိုင်ပါကလည်း နယ်ဘက်ဝန်ထမ်းများ
ခန့်အပ်ရာတွင် ဦးစားပေးလိုသည့်စေတနာရှိပါသည်။

          လက်ရှိမြန်မာ့တပ်မတော်စစ်အင်္ဂါစဉ်၌ Col G.S လက်အောက်၌ Directorate of Public Relation and Booth Troops (ပြည်သူ့ဆက်ဆံရေးနှင့်နယ်ခြားတပ်များ ညွန်ကြားရေးမှူးရုံး) ဟူသောဗိုလ်ချုပ်အဆင့်ညွှန်ကြားရေးမှူးကဦးစီးသည့် ဋ္ဌါနသာရှိပြီး BGF နှင့်ပတ်သက်၍တစ်စုံတစ်ရာ
မတွေ့ရှိပါ။ BGF တပ်ဖွဲ့သည် နှစ်နိုင်ငံ နယ်နိမိတ်အကြား နယ်မြေပိုင်ဆိုင်မှု့ပြသနာရှိသော တိုင်းပြည်
တွင်သာ ရှိသင့်ပေသည်။ ဥပမာ ပါကစ္စတန်နှင့်အိန္ဒယ၊ အိန္ဒယနှင့် တရုတ်၊ ကိုလံဘီယာ နှင့်ပီရူး။

          ကချင်လူထုသည် KIA/KIO အား BGF အသွင်မမြင်လိုပါ။ ဘွဲ့ရပြီးသူတစ်ယောက် (၁၀) တန်းစာမေးပွဲပြန်ဖြေန်မလိုဟုရှု့မြင်သောကြောင့်ဖြစ်ပါသည်။ ထို့အပြင် Union Army အသွင်
အဖြစ်လည်း မမြင်လိုပါ။ အကြောင်းမှာ သီးခြားကချင်တပ်ရင်းများ ဖွဲ့စည်းခဲ့ပါက တပ်ချုပ်၏ တိုက်ရိုက် ကွပ်ကဲမှု့အောက်ရောက်သွားကာ ကချင်ဒေသ (သို့)လူထုနှင့်ကင်းကွာသွားနိုင်သောကြောင့်ဖစ်ပါသည်။
 ကချင်ပြည်နယ်အစိုးရက တိုက်ရိုက်ကွပ်ကဲသည့် ပြည်နယ်စစ်ရဲတပ်ဖွဲ့State Military Police
အသွင်ဆိုပါက သင့်တော်သည့်အသွင်ပြောင်းမှူု့အဖြစ်ရှု့မြင်ကြပါသည်။


ရ။               KIO/KIA သည် ဗိုလ်ချုပ်ကြီးဦးနေ၀င်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက
ဖယ်ဒရယ်မူကြောင့် ပြည်ထောင်စုပြိုကွဲတော့မည်ဟုအကြောင်းပြကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့် ၁၉၆၂၊ မတ်(၂)ရက်နေ့ မတိုင်မီက ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ ဦးနုပြည်ထောင်စု (ပထစ) အစိုးရ၏ ဒီမိုကရေစီမဆန်သော လုပ်ရပ်များကြောင့် ပင်လုံစိတ်ဓါတ်
နှင့်တိုင်းရင်းသားလူမျိုးများစော်ကားခံနေရသည်ကို မကျေနပ်ခြင်းကြောင့် ၁၉၆၁ ဖေဖော်ဝါရီလ(၅) ရက်နေ့တွင် တည်ထောင်ခဲ့သည့်အဖွဲ့အစည်းဖြစ်ပါသည်။

     KIA/KIO သည်ပြည်ထောင်စုအတွင်း မခွဲမခွာပါဝင်လိုသည့်အတွက် သီးခြားသမ္မတနိုင်ငံထူထောင်
ရေးလမ်းစဉ်ကို ၁၉၇၆ တွင် စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။ ၁၉၉၃တွင် အပစ်အခတ်ရပ်စဲရေးရယူခဲ့ပြီး ရရှိ
ထားသည့် တည်ငြိမ်အေးချမ်းမှူ့ကိုလည်း တည်ကြည်စွာစောင့်ထိန်းလျှက်ရှိသည်။ အမျိုးသားညီလာခံကို တက်ရောက် ခဲ့သလို လမ်းပြမြေပုံ အတိုင်း ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း အခိုင်အမာ ထုတ်ဖော်ပြောဆိုပြီးလည်းဖြစ်သည်။

        သို့ဖြစ်၍ ဒီမိုကရေစီကို မြတ်နိုးသော ပြည်ထောင်စုစိတ်ဓါတ်ပြည့်ဝသော စစ်မှန်သည့် ပြည်ထောင်စု
ပေါ်ပေါက်လာရေးကို နိုင်ငံရေးအရဖြေရှင်းလိုသော တည်ငြိမ်အေးချမ်းမှူကို တည်ကြည်စွာစောင့်ထိန်း
လျှက်ရှိသော KIA/KIO အနေဖြင့် မကြာမီ ပေါ်ထွန်း လာမည့်အစိုးရအဖွဲ့နှင့်လွှတ်တော်အသီးသီး၌ ဒီမိုကရေစီအနှစ်သာရများအား မည်သို့ မည်ပုံကျင့်သုံးဆောင်ရွက်လုပ်ကိုင်နေသည်ကို စောင့်ကြည့်
အကဲခတ်ရင်းလက်ရှိအနေအထား (Status Quo) ကိုတည်ငြိမ်စွာ ဆက်လက်ထိန်းသိမ်းသွားခြင်း သည် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းရှူု့မြင်ရပါသည်။ လက်ရှိအခြေအနေကို ဆက်လက်ထိန်းသိမ်းသွားခြင်း
သည် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းရူု့မြင်ရပါသည်။

 လက်ရှိ အခြေအနေကို ဆက်လက်ထိန်းသိမ်း ရပ်တည်နေရင်းက မဟာဗျူဟာမြောက် နိုင်ငံရေးထဲကို ထဲထဲဝင်ဝင်လေ့လာ စောင့်ကြည့်ရင်းကိုယ်တိုင်ပါဝင် ခင်းကျင်းနိုင်ရန် အားထုတ်သင့်ပါသည်။

      ဤနေရာတွင် အလျဉ်းသင့်သဖြင့် Arunachal Pradesh ပြည်နယ်အကြောင်း အနည်းငယ်
တင်ပြလိုပါသည်။မြန်မာနိုင်ငံနှင့်နယ်နိမိတ်ထိကပ်နေသည့် အိန္ဒိယအရှေ့မြောက်ပြည်နယ်တစ်ခုဖြစ်သော
Arunachal သည် တစ်ချိန်က သီးခြားလွတ်လပ်သည့် တိဗက်နယ်မြေတစ်စိတ်တစ်ဒေသဖြစ်ပါသည်။

ဤနယ်မြေ ရှိ Tawang မြို့ သည် (၆)ဆက်မြောက် ဒလိုင်းလားမား၏ မွေးဇာတိဖြစ်သလို ပြည်နယ်လူဦးရေ၏ ၁၃% မျှသော ဗုဒ္ဒဘာသာဝင်တို့၏ ဘာသာရေးမြို့တော်လည်းဖြစ်သည်။
တရုတ်တို့သည် ခေတ် အဆက်ဆက်ကပင် တိဗက်အား ၎င်းတို့၏ အချုပ်အခြာပိုင်နယ်ဖြစ်ကြောင်း အစဉ်တစ်စိုက် ဖော်ထုတ်တောင်းဆိုခဲ့ကြသည်။ ၁၉၁၄တွင် တိဗက်အစိုးရက Outer Tibet ဟုခေါ်ဆိုသော (ယခု Arunachal ပြည်နယ်ကို) Simla Accord စာချုပ်ဖြင့် ဗြိတိသျှထံလွှဲအပ်ခဲ့ရာမှ  Arunnachal သည် အိန္ဒိယပိုင်နက်ဖြစ်လာခဲ့သည်။ Arun ပြည်နယ်နှင့် တရုတ်နိုင်ငံကို မိုင် ၅၅၀ ရှည်သည့် MC Mohan  နယ်ခြားလိုင်းဖြင့် ပိုင်းခြားထားသည်။

    ယခုအခါ တိဗက်သည် တရုတ်ပိုင်နက်ဖြစ်နေသည့်အတွက် တစ်ချိန်က တိဗက်အပိုင်ဖြစ်သည့် Arun ကို တရုတ်တို့ကပြန်လိုချင်နေသကဲ့သို့ တရုတ်ဆန့်ကျင်ရေး ပြည်ပြေးတိဗက်အစိုးရကို အိန္ဒိယက လက်ခံထားသည့်အတွက် Arun အရေးသည် တရုတ်-အိန္ဒိယ နယ်စပ်ပြသနာ သော့ချက်ဖြစ်နေပေသည်။

    ၂၀၀၈ ခုနှစ်၌ အိန္ဒိယ၀န်ကြီးချုပ် မိုမန်ဆင်း Arun သို့ သွားရောက်လည်ပတ်ခဲ့စဉ်က ပြည်နယ်အတွင်းဆည်မြောင်းတာတမံ၊ လမ်းပန်း၊ အဆောက်အဦးများတိုးချဲ့ဆောက်လုပ်ပေးရန် ကတိပြုခဲ့သည်။ အဆိုပါ စီမံကိန်းမျာအတွက် ၂၀၀၉ ခုနှစ်တွင် အာရှ ဖွံ့ဖြိုးရေးဘဏ်မှ ဒေါ်လာ ၂.၈ ဘီလီယံချေးပေးရန် ဖြစ်သောလည်း တရုတ်အစိုးရက အပြင်းအထန် ကန့်ကွက်ခဲ့သဖြင့် အထ မမြောက်ခဲ့ချေ။
ထို့ပြင် တရုတ်အစိုးရသည် မန်မိုဟန်ဆင်း၏ ခရီးစဉ်အပြီး Arun နယ်သားများအား တရုတ်ပြည်
ဝင်ခွင့်ဗီဇာကို ပိတ်ပင်ထားခဲ့သည်။ (Newsweeks, May 2009)Arun ပြည်နယ်တွင်ကချင်လူမျိုး
 အမြောက်အမြား ရှေးပဝေဏီကပင် အခြေချနေထိုင်လျှက်ရှိသည်။ ၎င်းတို့သည် တရုတ်နှင့် မြန်မာနိုင်ငံအတွင်းရှိ သွေးရင်းသားကချင်များနှင့်ရိုးရာယဉ်ကျေးမှူ့ဓလေ့ထုံးတမ်းအရာတွင် ထပ်တူ ထပ်မျှဖြစ်သည်။ Arun ကို ကချင် များက ၎င်းတို့၏ဘိုးဘွားပိုင်နက်ဟုယူဆထားသည့်အလျှောက် သီးခြားလွတ်လပ်စွာနေထိုင်လိုကြောင်း မကြာခဏ ထုတ်ဖော်လေ့ရှိသည်။ ထို့ကြောင့် Arunnachal အရေးသည် တရုတ်-အိန္ဒိယ-မြန်မာ-ကချင်များအကြား  မဟာဗျုဟာမြောက် နိုင်ငံရေးတစ်ရပ်
အဖြစ်လေ့လာသုံးသပ်သူများက ရှုမြင်လျှက်ရှိကြောင်း အလျဉ်းသင့် ၍ တင်ပြခြင်းဖြစ်ပါသည်။

နိဂုံး
၈။       ဤစာတမ်းကို ကချင်ဘာသာဖြင့် ရေးသားရန်ဖြစ်သော်လည်း ပိုမိုထိရောက် ကျယ်ပြန့်
စေလိုသည့် ဆန္ဒကြောင့် မြန်မာ ဘာသာ ဖြင့်ရေးသားဖြန့်ချိပါသည်။ စာတမ်းပါ အကြောင်းအရာ အချက်အလက်များသည် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်
ဖြစ်စေရန်ရည်ရွယ်ပါသည်။ စာတမ်းပါ အကြောင်းအရာ အချက်အလက် များနှင့်ပတ်သက်သော အကျိုးအကြောင်း အဆိုးအကောင်း အားလုံးကိုလည်း စာတမ်းပြုစုသူ က တာဝန်ခံပါသည်။


MD ခွန်ထူး
မူဆယ်မြို့
၂၀၁၀ ခုနှစ်၊ ဇွန်လ (၂၆)ရက်။



No comments:

Post a Comment

Post နဲ့ ပတ်သက်ပြီးထင်မြင်ချက်များကို ရေးသွားနိင်ပါတယ်၊