,

WELCOME..... TO..အလင်းတန်း.... မှ....အားလုံး....ကို.... ကြိုဆို....နေပါတယ်,,,,,,,WE..... SUPPORT..... KIO/A,,,,,,,STANDBY.... FOR.... YOUR DUTY,,,,,,Jiwoi Jiwa Ni e Dudaw, Saihkaw Let Makawp Maga Hkinghtawng Jawda Sai, Ginru Ginsa Labau Htunghking Hte Nganggrin Nga Ai Chyurum,Dairum ai Jinghpaw Wunpawngsha Amyu Lakung Lama Yawng A Dailup Daihpang Lamu ga, Mungdaw Mungdan Wa Ya Daini Myen Hpyen Wa Up Sha nga ai lu?

Friday, November 12, 2010

သန်းထိုက်ဦး

နအဖ စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် SSA-N တပ်မဟာ ၁ ၏ ထိန်းချုပ်နယ်မြေရှိ မိုင်းရှုး ၀မ်ဆော့ ကျေးရွာ အနီးတ၀ိုက်
တွင် နအဖ တပ်မ ၃၃ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်ဟု (SSA-N ) မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။


SSA-N တပ်သားများကို နအဖ တပ်သားများက စတင်ပစ်ခတ်ခဲ့သောကြောင့် ထိုနေ့ ညနေ ၅ နာရီမှ ၇ နာရီအထိ အပြန် အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် နအဖဘက်မှ အင်အား ၅၀ ခန့်ရှိပြီး နှစ်ဘက် ထိခိုက် ဒဏ်ရာရရှိသူများနှင့် အကျအဆုံး စာရင်း များ ကို စိစစ်နေကြောင်း သိရသည်။ 

ယခုအခါ နှစ်ဘက် တင်းမာမှုကြောင့် စစ်အစိုးရက တပ်အင်အား တိုးချဲ့လာနေပြီး တိုက်ပွဲများ ထပ်မံ ဖြစ် ပွားနိုင်ဖွယ်ရှိ ကြောင်း ၎င်း SS-N မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။ SSA-N တပ်မဟာ ၁ ဒေသရှိ တပ်ဖွဲ့ဝင်များ လည်း အဆင် သင့် ရှိကြောင်း ပြောသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက“စုံစမ်းကြည့်ရသလောက်တော့ ထိုးစစ်မဟုတ်ဘူး။ စစ်ရေးအရ အရေးကြီးတဲ့ အဆင့်တခုဖြစ်တယ်။ စစ်အစိုးရက SSA-N ရဲ့ထွက်ပေါက်တွေကို လိုက်ပိတ်တာ”ဟု ၎င်းက ဆိုသည်။ 

SSA-N တပ်မဟာ ၁ ထိန်းချုပ်ထားသော နယ်မြေ မိုင်းရှုးမြို့နယ် ၀မ်ဟိုင်းဒေသ တ၀ိုက်တွင် စက်တင်ဘာလဆန်းပိုင်း၌ နအဖ တပ်အင်အား ၁၀၀၀ ခန့် ၀ိုင်းရံထားကြောင်း သိရသည်။

တပ်အင်အား ဖြည့်ဆည်းထားသော တပ်များသည် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် စကခ ၂ မှ တပ်ရင်းတို့ ဖြစ်ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။

အောက်တိုဘာလ ၃၁ ရက်နှင့် နိုဝင်ဘာလ ၁ ရက်နေ့များတွင် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) နှင့် နအဖ စစ် အစိုးရတပ်များ ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်း ဒေသတွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၇ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေးအတွက် ကြိုးပမ်းခဲ့ရာ ၎င်းအဖွဲ့က လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာခဲ့ကြသည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များ အနေဖြင့် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရန် ငြင်းဆန်ခဲ့ကြ သကဲ့သို့ လက်ရှိ အခြေ အနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရ သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိ သည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

No comments:

Post a Comment

Post နဲ့ ပတ်သက်ပြီးထင်မြင်ချက်များကို ရေးသွားနိင်ပါတယ်၊