,

WELCOME..... TO..အလင်းတန်း.... မှ....အားလုံး....ကို.... ကြိုဆို....နေပါတယ်,,,,,,,WE..... SUPPORT..... KIO/A,,,,,,,STANDBY.... FOR.... YOUR DUTY,,,,,,Jiwoi Jiwa Ni e Dudaw, Saihkaw Let Makawp Maga Hkinghtawng Jawda Sai, Ginru Ginsa Labau Htunghking Hte Nganggrin Nga Ai Chyurum,Dairum ai Jinghpaw Wunpawngsha Amyu Lakung Lama Yawng A Dailup Daihpang Lamu ga, Mungdaw Mungdan Wa Ya Daini Myen Hpyen Wa Up Sha nga ai lu?

Friday, December 17, 2010

မနောကွင်းပုံလေးပါ





KIA တပ်မဟာ(၄)၏မှူးယစ်စစ်ဆင်ရေှးဓါတ်ပုံများ

Lawu na sumla ni gaw ,Sum Mung Dap Ba (4) ni a pat jasan hte seng na n dai mabyin gaw na sai rai tim shiga teng man ai majaw sumla hte nawng madi madun dat ai hku re.
Shara ;-    : Mungji Ginwang Dap Dung (2) Ginra ( Jau Hung Jai ) mare n'nan lahta.
         Lau ban - (Shau Haw) mare kaw na Lau ban (mying naw sagawn nga).
Ma Byin;-
        N'htoi (10) ya daram Ka-ni Hpraw galaw nga yang Mying n'chye    
Lau ban Hpung langai 18/ 9 /2010  4:00 Am ten sa gap shabra n'na Ka-ni zing madu hkat.
        Si nat n'sen Ngoi ai majaw Dung (2) Hpyen La dat n'na Jau Hung Jai mare Salang ni hte rau sa jep chyoi Ka-ni Hpraw n'sa mu lawu de na jahpan tsi pung ni lu rim zing 19/9/2010 7:00 Pm hta Dap Ba (4) Shing Ja Du woi Awn ai hpung ni nat jahten kau da lu.

LU RIM ZING LA N'NA NAT JAHTEN JASAN KAU SAI RUNG RAI JAHPAN NI.

(1) Tsi pung hpan yawng - Pung (65)
(2) Cheng Shwi tau - Tau (18)
(3) Chu Gaw Tau - Tau (2)
(4) Hkran pung - pung (3)
(5) Chu Hpyin - Man (8)
(6) Gass pung - pung (2)
(7) Yi Mi Jahkrat pung - pung (3)
(8) Saw Da Buri - Buri (3)
(9) Mu Ka ( rdk;um) Kaba - (3)
(10) Pe Pa pung kaba - (3)


Saturday, December 11, 2010

ပင်လုံကတိက၀တ်၊ ပင်လုံသဘာတူညီချက်များနှင့် ပါတ်သက်သည့် သမိုင်းမှတ်တမ်း အချက်အလက်များ

ယနေ့မျက်မှောက်ကာလ၌ကမ္ဘာပေါ်တွင် ``ပြည်ထောင်စုမြန်မာနိုင်ငံ``နေဖြင့် တည်ရှိနေသည့် ကျွန်ုပ်တို့၏နိုင်ငံတော်သည်၊ ပင်လုံအစည်းဝေး၊ ပင်လုံကတိက၀တ်၊ ပင်လုံသဘောတူညီချက်များဖြင့်ပေါ်ထွန်းလာသည့် ပြည်ထောင်စုကြီးဖြစ်သည်ဟုဆိုက မှားမည်မဟုတ်ပါ။ သမိုင်းမှတ်တမ်းအထောက်အထားအချက်အလက်များ အထင်အရှားရှိသည်များမှ လိုအပ်မည်ဟု ယူဆသော အချို့ကိုစုဆောင်းတင်ပြအပ်ပါသည်။

သမိုင်းဆိုင်ရာအကောင်းမြင်ဝါဒ

http://www.scribd.com/full/45090544?access_key=key-gy0zm3j8ajy808o9330

“ဗမာခေါင်းဆောင် သခင်ကိုယ်တော်မှိုင်း၏သေတမ်းစာ“

(ဤသေတမ်းစာသည် ဗမာမျိုးချစ်ခေါင်းဆောင် သခင်ကိုယ်တော်မှိုင်း မကွယ်လွန်မီ ဗမာခေါင်းဆောင် အချို့ အား မှာကြားခဲ့သော သေတမ်းစာဖြစ်သည်)

- ရခိုင်ကို အထင်သေးမိလို့ ဗမာဦးခေါင်းအနောက်ကို ညွှန့်ခဲ့ရတယ်။ ဒီတော့ ရခိုင်ကို ဘယ်တော့ခါမှ အထင်မသေးနဲ့။ ဤအတိတ်က ဖြစ်ရပ်ကို ကြည့်ပြီး သတိထားရမယ်။ ရခိုင်တွေဟာ ရာဇ၀င်ကြီးသလောက် မာနကြီးတယ်။ ဘယ်သူ့ကိုမှ အထင်ကြီးတဲ့ လူမျိုးမဟုတ်ဘူး။ သမိုင်းကြွေး မဆပ်နိုင်အောင်၊ နာလံမထူနိုင်အောင် မင်းတို့တတွေ စွမ်းဆောင်တတ်ရမယ်။

Tuesday, December 7, 2010

Monday, December 6, 2010

မဆလပါတီ

ပါတီ အစ
၁၉၆၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့၊ ရတနာပုံ ရေတပ် စခန်းမှာ ကျင်းပတဲ့ တပ်မှူးများ ညီလာခံ ကနေ တော်လှန်ရေး ကောင်စီ ရဲ့ မူဝါဒ သဘောထား အဖြစ် "မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်" ကို ချမှတ် လိုက်တယ်။ ဒီ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ဆိုတာ အဲဒီ အချိန်က ကမ္ဘာမှာ ကျင့်သုံးနေတဲ့ ကွန်မြူနစ် ဆိုရှယ်လစ် လမ်းစဉ် (ကွန်မြူနစ် ကြေညာ စာတမ်း (ဝါ) ကွန်မြူနစ် ပါတီ ကြေညာ စာတမ်း ကို ကြည့်ပါ။) မျိုးကို ကျင့်သုံး တာမျိုး မဟုတ်၊ မြန်မာ့နည်း မြန်မာ့ဟန် အမည်တပ်ကာ ဆိုရှယ်လစ် အရေခြုံထားတဲဂျာမနီက နာဇီ အာဏာရှင် အမျိုးသားရေး ဝါဒ မျိုးသာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယအကြိမ် တွေ့ဆုံမေးမြန်းခန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူစည်ကားလှသော သူ၏ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင် မဇ္ဈိမသတင်းထောက် Thea Forbes က နိုဝင်ဘာ ၂၉ ၊ ၂ဝ၁ဝ ပြည့်နှစ်တွင် လူချင်း တွေ့ဆုံမေးမြန်းခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ရှေ့လုပ်ငန်းစဉ်၊ ပိတ်ဆို့ အရေးယူမှုမှသည် စစ်အစိုးရ စီမံကိန်းများပေါ်အမြင်တို့ကို မေးမြန်းထားသည်။

နိုဝင်ဘာလ ၁၃ ရက်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက် မဇ္ဈိမက ဒုတိယအကြိမ် မေးမြန်းခြင်း ဖြစ်သည်။ မူရင်း အင်္ဂလိပ်ဘာသာဖြင့် မေးဖြေထားသည်ကို ဘာသာပြန်ထားပါသည်။

Monday, November 29, 2010

NLUNG NNAN CHYEJU SHAKAWN KYU HPYIHPAWNG GA SHAGAWP


N’HTOI; - 24-11-2010
Ya dai ni;-

Wa nang ninghtoi wan, Ninghkaw galai hpraw seng san
Kabu hkinlum lu, Sumsan mani byu ai shani.
Ndai;-

Jan Pru tsawm ai naura. Alen Bum a shingma.
Wunpawng chyurum gindai, Myutsaw salum ningngai.

Hkri Ma

Sai kayau majan kata
chye nga ning len n sum hkra
tsang nga nngai le... hkri ma


       Hkri Ma a W.P sai gaw
Nachying manu dan ai majaw 


sai bung chyurum shada sha
Hkri Ma sai hte kayau ra

PANGLONG MYIT HKRUM GA SADI HTE MUNGHPAWM MUNGDAN BYIN PRU WA AI LAM

Panglong Ga sadi a majaw mi moi n nga yu ai Munghpawm hpe nga wa hkra shangai shalat shapraw dat ai. Dai majaw Munghpawm Mungdan ngu ai paw pru wa ai lam hta, Panglong Ga Sadi a majaw re ai Munghpawm hpe shangai shalat dat ai. Dai rai n na Panglong Gasai a majaw re ai Munghpawm hpe shangai shalat dat ai. Dai rai nna PanglOng Gasadi, Ga shaka hte Munghpawm munngdan ngu ai  gaw shinggyim masha langai a asak wenyi the hkum hkrang hpa rai taw nga ai. Rai yang, hpa majaw Panglong ga sadi nga ra ai lam hte ta masat sen htu ra ai lam, hpa majaw Munghpawm hpaw ra wa ai lam, hpa majaw mung dinghku majan byin wa ai lam ngu ai gaw dai ni na Wunpawng Amyu Sha ni a Mung Masa Labau hte Rawt Malan Labau rai nga ai  majaw n dai lam ni hpe htawm hpang na Kachin amyu a leadership hta kahpa galai na ramma ni chye ra ai lam madung rai nga ai.

မတော်တရော်

 ဂျူး

တခါတခါတော့လည်း ကျွန်မတို မြန်မာယောကျာ်းတွေ တော်တော်စိတ်ထား မြတ်ကြပါရဲ့ဟုရေရွတ်မိသည်။ ကျွန်မစိတ်တိုင်းမကျစရာ အမျိုးသမီးရုပ်တွေနှင့်ပြက္ခဒိန်တို့ Wall Sheet တို့ကို မြင်မိသည့်အခါမျိုးမှာ ဖြစ်တတ်သည်။ မြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီကကြော်ငြာတွေကိုမြင်မိသည့်အခါမျိုးမှာဖြစ်တတ်သည်။
ကျွန်မတို့ မြန်မာရုပ်ရှင်မင်းသမီးအချို့၊ ကိုယ်ဟန်ပြမယ်တချို့သည် ဓါတ်ပုံရိုက်ခံလျှင် အလိုအလျှောက်ပင် မတော်မတဲ့ ဟန်ပန်တွေ ဖြစ်ကုန်တတ်ကြသလား။ ဒါကတော့ ကွန်မ မသိနိုင်ပေ။ 

ကျွန်မ မြင်တွေ့နေရသည့် ကိုယ်ဟန်တွေကတော့ နည်းနည်းမှကြည့်မကောင်းပါ။ အထူးသဖြင့် ထိုင်လျှက်ပုံတွေဖြစ်သည်။ ကုလားထိုင်ပေါ်မှာပဲ ထိုင်ထိုင်၊ မြက်ခင်းပေါ်မှာပဲ ထိုင်ထိုင်၊ ထိုင်လိုက်သမျှ ကိုယ်ဟန် တွေက ယောကျာ်းတွေအတွက် စိတ်ရိုင်းဝင်စရာ ဟန်တွေချည့် ဖြစ်သည်။ လှသလားဆိုတော့ အဲဒီဟန်တွေက နည်းနည်းလေးမျှမလှ။ ယောကျာ်းတွေ ကို ဆွဲဆောင်သည်ဆိုလျှင်လည်းပြေပြေပြစ်ပြစ် ဆွဲဆောင်နိုင်မှာမဟုတ်။ အနုပညာပါပါ ဆွဲဆောင်မှာမဟုတ်။ တစ်တစ်ခွခွ ဆွဲဆောင်ခြင်းပဲ ဖြစ်နိုင်ပါသည်။

ရဲရင့်သောနှလုံးသား


 ဂျူး

လောကတွင် လူသားများကို သေခြင်းတရားနှင့် ဆက်စပ်နှိုင်းယှဉ်၍ တိုင်းထွာကြည့်လျှင် လူအမျိုးအစားများကွဲပြားလျက်ရှိသည်ကို ကျွန်မ တွေ့ရပါသည်။ လူသည် သေလွန်ပြီးနောက်တွင် လောကမှ ပျောက်ကွယ်သွားရမြဲဖြစ်သည် ဟူသောဆိုရိုးစကားအတိုင်း သာဘာဝကျစွာပင် သာမန်လူဖြစ်နေသော လူသားအမျိုးအစားကတစ်မျိုး၊ ထိုလူမျိုးစားသည် မသေမှီလောကထဲ​၌ ရှင်သန်လှုပ်ရှား ဆက်သွယ်နေခဲ့ပြီး သေသွားလျှင် ပတ်ဝန်ကျင်မှ လူရော နာမည်ရော ဘာမှမကျန်အောင် ပျောက်ကွယ်တိမ်မြုတ်သွားလေ့ရှိသည်။ နောက်တစ်မျိုးကတော့ ထူးဆန်း၏ ၊ သူတို့သည် မသေဆုံးမှီကပင် သေဆုံးပြီးသား၊ လောက၏ အမှိုက်သရိုက်လူစားများဖြစ်သည်။ ထိုလူအမျိုးအစားတစ်ယောက် တကယ်သေဆုံးသွားသည့်အခါ ပတ်ဝန်းကျင်သည် ပျင်းရိငြီးငွေ့စွာ အသိအမှတ်ပြုကြသည်။ 
အခုမှသေသွားသည်ဟု သိကြရသော်လည်း သူတို့စိတ်ထဲတွင် ထိုပုဂိုလ် သေဆုံးပြီးပြီဟု ကာလကြာမြင့်စွာထင်နေခဲ့သောကြောင့် ဖြစ်သည်။ ထိုပုဂိုလ်မျိုးသည် သေပြီးသော်လည်း ထပ်ကာထပ်ကာ သေ၍ မဆုံးနိုင်သော လူသားအမျိုးအစားမျိုးဖြစ်၏ ။ ထိုလူသား အမျိုးအစား အတွက် ကျွန်မတို့ မြန်မာဝေါဟာရ၌ အလွန်ပြောင်မြောက်သော ရှေးစကား အသုံးနှုံးတစ်ခုရှိပါသည်။ ဆန်ကုန်မြေလေးတဲ့။ ထိုလူသားအမျိုးစားနှင့် ဆန့်ကျင့်ဘက် လူသားတစ်မျိုးကတော့ ပြည်သူလူထုက အားကျချီးမွမ်းသော၊ လေးစားဂုဏ်ယူသော လူမျိုးဖြစ်သည်။ ထိုလူသည် အသက်ရှင်နေထိုင်သမျှ ကာလတွင် လူသားထု ကောင်းကျိုးချမ်းသာ အတွက်သက်သက်သူ့ဘ၀ကို ရပ်တည်ပြီး လူသားထု​၏ အကျိုးအတွက် သူ့အသက် သေဆုံးရတတ်ကာ သေဆုံးပြီးနောက်တွင်လည်း သူသည်နှစ်ပေါင်းများစွာ ဆက်လက်အသက်ရှင် ကျန်ရစ်မည့် ဘယ်တော့မှ မသေသော လူအမျိုးစားဖြစ်သည်။ ထိုလူအမျိုးအစား၏ အကောင်းဆုံး ဥပမာမှာ အာဇာနည်များ ဖြစ်ပါသည်။ သိပံပညာရှင်များ၊ အနုပညာရှင်များကိုလည်း ထိုအမျိုးအစားထံမှာ ပါဝင်သတ်မှတ်၍ရလိမ့်မည် ထင်သည်။

Wednesday, November 17, 2010

ပြည်ထောင်စုတွင်းမှ တန်းတူသောရှမ်းပြည်

တောင်ကြီး ဦးထွန်းမြင့်
လူသည် သဘာဝအားဖြင့် နိုင်ငံရေးသတ္တ၀ါဖြစ်သည်အရစ္စတိုတယ် က ဆိုသည်။
          ကျွန်တော် သည်လည်း နိုင်ငံရေးသတ္တ၀ါတစ်ကောင်ပင်ဖြစ်သည်။ ဆိုင်းသံကြားလျှင် ကချင်သူကဲ့သို့ ကျွန်တော်သည်လည်း ကိုယ်ရေးကိုယ်တာ အကြပ်အတည်းတွေကြားမှ ရှမ်းပြည် အမျိုးသားရေးလှုပ်ရှားမှူ့များ တလှုပ်လှူပ်ဖြစ်တိုင်းထ၍ က ချင်ပါသည်။
          ရှမ်းပြည်အမျိုးသားရေးရာ လှူပ်ရှားမှု့ကြီးသည် ဒီရေအလား တစ်လှိမ့်လှိမ့်တက်လျှက်ရှိလာလေပြီ။ရှမ်းဆိုးဟုခေါ်ဝေါ်နေသည့် ရှမ်းသူပုန်ထမှူ့ ကြီးသည်လည်း ရှမ်းပြည် အမျိုးသားရေး၇ာ လှူပ်ရှားမှူကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

KIO/KIA အသွင်ကူးပြောင်းရေးအပေါ်ကချင်အမျိုးသားတစ်ဦး၏အမြင်

အလုပ်မဖြစ်သောတွေ့ဆုံမှူ့များ

၁။                 KIO/ KIA အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက်နှစ်ဦးနှစ်ဘက် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်မှာ အချိန်ကာလတစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်သော်လည်း တိုးတက်ဖြစ်ထွန်းမှူ့ တစ်စုံတစ်ရာမရရှိခဲ့ပါ။ အသွင်ကူးပြောင်းရေးသည် ကချင်အမျိုးသား
နိုင်ငံရေးကို သာမက ကွဲရှလွယ်သော ကိစ္စရပ်ဖြစ်သောကြောင့် ခိုင်မာတိကျသော စည်းမျဉ်း၊ မူဝါဒများ ချမှတ်ပြီး အချိန်ယူ ကိုင်တွယ်သွားရမည့် အမျိုးသားရေး လုပ်ငန်းစဉ် ဖြစ်သည်။ ဤလုပ်ငန်းစဉ်မှ ထွက်ပေါ်လာမည့် ရလဒ်များသည်လည်း Legitimacy ရှိရပါမည်။ ဤလုပ်ငန်းစဉ်တွင် ပါဝင်နေသော Stake Holder အားလုံးသည်လည်းအပြန်အလှန်လေးစားမှူ့နှင့် ရိုးသားပွင့်လင်းမြင်သာမှူ့များရှိရန် အထူးအရေးကြီးပါသည်။

ပြောင်းလဲလာသောချဉ်းကပ်မှူ့

၂။       ၂၀၁၀ခုနှစ်၊ ဧပြီလတွင် အမှတ်(၁)၊ စက်မှူ့ဝန်ကြီးဦးအောင်သောင်းမြစ်ကြီးနား သို့ရောက်ရှိ
လာပြီး အသွင်ကူးပြောင်းရေးလုပ်ငန်းစည်းဝိုင်းအတွင်း ၀င်ရောက်ခြင်းဖြင့် နယက သည် ၎င်း ၏
ချဉ်းကပ်နည်းဗျူဟာ အသစ်ကို စတင်လိုက်သည်။

Tuesday, November 16, 2010

ကျောင်းသားများထံသို့

ရေးသူ-သခင်ကိုယ်တော်မှိုင်း

[အောက်ပါတို့သည် ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများ၏ ပုသိန် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က သခင် ကိုယ်တော်မှိုင်း မိန့်ဆိုချက်များဖြစ်၍၊ မည်သည့် စာနယ်ဇင်းတွင်မျှ၊ ဤ မိန့်ခွန်းမပါဘူးသေးကြောင်း]

(မူရင်းသတ်ပုံအတိုင်း) ဆရာဟာ အသက် ၁၃ နှစ်သားလောက်ကဘဲ  ၀ံသာနုစိတ်ဓာတ် ဝင်စားလာခဲ့တယ်။ မန္တလေးမြို့-မြတောင်တိုက်တွင်၊ စာသင်စဉ် ၁၀ နှစ်သားလောက်က သီပေါဘုရင် အင်္ဂလိပ် ဖမ်းသွားတာကို မြင်ခဲ့ရသဖြင့်၊ အလွန်အကြူး ၀မ်းနည်းခဲ့တယ်။ ဗမာဘုရင်ကို ဖမ်းသွားပုံ ဟာ ကြက်ဖမ်း၊ ဖမ်းသကဲ့သို့ ဖြစ်သဖြင့်၊ မကျေမနပ် ဖြစ်ခဲ့တယ်။
ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့- စဥ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘ၀ကို ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။ တိရစ္ဆာန်ဘုံကိုကြည့်။ စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။

Sunday, November 14, 2010

ဒါလေးကို Click လုပ်ကြည့် ပါ

http://api.ning.com/files/f3IujPuIrzseDmhtFC4bWJmHkTRJtmg4fw9exi4tAaoZ*TfSHP5z7-XQnOJ*j5djGex0UV4Tii9Df3p1b0hoLQMEqx*smorN/ngayinkhwinko3.swf

MANGHANG MAJAN LABAU

Mungmyit Sinli ga de kabye shang wa ai Britisha Gala hpraw dap hte Wunpawng sha ni a lapran na majan manghkang gaw; Kodawng ga na Dinghkung Loiseng hte Rauchying Manpun shara 2 hta agying agang gasat hkat ai hpang Sinli ga Manghang Lahkum Lahpai ni a buga ginra wan bai hkru hkrawn du wa sai.

Shingrai Manghang majan hte seng nna Wunpawng Sha ni maga de tsun hkai hkrat wa ai gaw lawu de na hte maren rai nga ai.Dai ten na Wunpawng Sha Zaubung Manghang Duwa Naw Seng a lamu ga nga pra ginra gaw; sinpraw de Mawtawng pa Maran Laika ni hte lamu ga htep rai nna, lahta daw de Lungjun Lahpai Wandin Kapna ga hte tut rai nhtawm, sinna maga de Mungbaw hka hte jarit, Nmau hka wora hkran Zaubung Bangdap (ya na Miwa hkran) du hkra dam kaba ai mung ginwang daw langai mi rai nga ai. Shingrai, kring mading rai nga ai ten hta Manmaw ga de na Gala hpraw dap ni du nna bumga de Jinghpaw Wunpawng Sha ni hte shara tsawm ra mi hta gasat gala byin nga ai shiga hpe mung shanhte na chye lu nga ai hte maren, lani mi shanhte kaw shadut na lam myit sumru let hpyen ninghtan hkyen lajang
sa wa ai lam n yawm ma ai.

Wunpawng Sha ni Hte Kachin Sub-State

Ga Hpaw

Shingdu Labau

Kachin Sub-State byin wa ai shingdu labau hpe bai nhtang gawn yu yang, (AD 1875-79) ning laman hta Nongmun Myutsa Hkun Hsang Hai hte shi a kahkri Hkun Hsang Ton Hong yan maga mi, Sawbwa Seng Naw Hpa hte shi a kasha Sao Naw Mong yan maga mi rai nna, Sam du shada da aya kashun hkat nna, majan baw ma ai. Shaloi (AD1878-79) ning hta Hkun Hsang Ton Hong hte Hkun Hsang Hai yan tsa gaw makau grup yin hta shanu nga ai Wunpawng bum du ni hpe roi gau saw, hpyen n gun hpyi nna, Wunpawng Sha ni mung n gun kaba hte sa gasat manga lawm ai majaw Hkun Hsang Ton Hong wa Sinli kaw npawt lu shangang la nna, Sawbwa byin tai wa sai.

Dai hpang Sawbwa Seng Naw Hpa hte shi a kasha Sao Naw Mong hkan wa gaw majan sum nna Sawbwa aya mung tat kau hkrum sai hte shi a hpyen la ni mung dumbru dunbra rai mat sai.(AD 1885) ning hta Sao Naw Mong Mandalay htawng na Thibaw Hkawhkam wa rim da ai kaw na bai lawt pru wa ai hpang shaning e hpyen n-gun bai mahkawng la nna, Hkun Hsang Tun Hong up nga ai shara Lashio hpe wa htim gasat u ai raitim, Hkun Hsang Ton Hong hte Wunpawng hpyen la ni hpe n lu shingtaw ai majaw, sum ai hte Namdong Nanang kaw npawt jahkrat da ai hpyen dap hpe du hkra hpang shaning jang sa gasat hpya kau hkrum sai hte Sao Naw Mong gaw masa n htuk sai majaw Laihka Mingnai ga de hprawng htingnut mat wa sai lam chye lu ai.

Saturday, November 13, 2010

Aung San Kaw hpe Dat Ra Masai

ကာတွန်းများ




ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ် ချထားရာမှ စစ်အစိုးရက ယနေ့ ညနေ ၅ နာရီ ၀န်းကျင်တွင် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံရှေ့တွင်လည်း လာရောက် စောင့်ဆိုင်းနေသော လူအုပ်မှာ ထောင်နှင့်ချီ၍ များပြားသည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရှေ့နေ ဦးဉာဏ်ဝင်း က စနစ်တကျ ဖြစ်ရန် မေတ္တာရပ်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ အိမ်အနီး ရောက်နေသူများက ပြောသည်။

လွတ်မြောက်လာပြီးနောက် ခြံဝမှ နေ၍ လူထုကို နှုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)

Friday, November 12, 2010

THE PANGLONG AGREEMENT

Dated Panglong, the 12th February 1947
 
A conference having been held at Panglong, attended by certain Members of the Executive Council of the Governor of Burma, all Saohpas and representative of the Shan States, the Kachin Hills and the Chin Hills: The Members of the conference, believing that freedom will be more speedily achieved by the Shans, the Kachins and the Chins by their immediate co-operation with the Interim Burmese Government: A Representative of the Hill Peoples, selected by the Governor on the recommendation of representatives of the Supreme Council of the United Hill Peoples (SCOUHP), shall be appointed a Counsellor for Frontier Areas shall be given executive authority by similar means. The said Counsellor shall also be appointed a Member of the Governor's Executive Council, without portfolio, and the subject of Frontier Areas brought within the purview of the Executive Council by Constitutional Convention as in the case of Defence and External Affairs. The Counsellor for Frontier Areas shall be given executive authority by similar means. The said Counsellor shall be assisted by two Deputy Counsellors representing races of which he is not a member. While the two Deputy Counsellors should deal in the first instance with the affairs of their respective areas and the Counsellor with all the remaining parts of the Frontier Areas, they should by Constitutional Convention act on the principle of joint responsibility. While the Counsellor, in his capacity of Member of the Executive Council, will be the only representative of the Frontier Areas on the Council, the Deputy Counsellors shall be entitled to attend meetings of the Council when subjects pertaining to the Frontier Areas are discussed. Though the Governor's Executive Council will be augmented as agreed above, it will not operate in respect of the Frontier Areas in any manner which would deprive any portion of those Areas of the autonomy which it now enjoys in internal administration. Full autonomy in internal administration for the Frontier Areas is accepted in principle. Though the question of demarcating and establishing a separated Kachin State within a Unified Burma is one which must be relegated for decision by the Constituent Assembly, it is agreed that such a State is desirable. As a first step towards this end, the Counsellor for Frontier Areas and the Deputy Counsellors shall be consulted in the administration of such areas in the Myitkyina and the Bhamo Districts as are Part II Scheduled Areas under the Government of Burma Act of 1935. Citizens of the Frontier Areas shall enjoy rights and privileges which are regarded as fundamental in democratic countries. The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States. The arrangements accepted in this Agreement are without prejudice to the financial assistance which the Kachin Hills and the Union Hills are entitled to receive from the revenues of Burma, and the Exeutive Council will examine with the Frontier Areas Counsellor and Deputy Counsellors the feasibility of adopting for the Kachin Hills and the Chin Hills financial arrangement similar to those between Burma and the Federated Shan States.

ရှေးကဓါတ်ပုံတွေပါ




သန်းထိုက်ဦး

နအဖ စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် SSA-N တပ်မဟာ ၁ ၏ ထိန်းချုပ်နယ်မြေရှိ မိုင်းရှုး ၀မ်ဆော့ ကျေးရွာ အနီးတ၀ိုက်
တွင် နအဖ တပ်မ ၃၃ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်ဟု (SSA-N ) မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

ရှမ်းအပစ်ရပ်အဖွဲ့နှင့် စစ်အစိုးရ တိုက်ပွဲဖြစ်

နအဖ စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် SSA-N တပ်မဟာ ၁ ၏ ထိန်းချုပ်နယ်မြေရှိ မိုင်းရှုး ၀မ်ဆော့ ကျေးရွာ အနီးတ၀ိုက်တွင် နအဖ တပ်မ ၃၃ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်ဟု (SSA-N ) မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

SSA-N တပ်သားများကို နအဖ တပ်သားများက စတင်ပစ်ခတ်ခဲ့သောကြောင့် ထိုနေ့ ညနေ ၅ နာရီမှ ၇ နာရီအထိ အပြန် အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် နအဖဘက်မှ အင်အား ၅၀ ခန့်ရှိပြီး နှစ်ဘက် ထိခိုက် ဒဏ်ရာရရှိသူများနှင့် အကျအဆုံး စာရင်း များ ကို စိစစ်နေကြောင်း သိရသည်။ 

ယခုအခါ နှစ်ဘက် တင်းမာမှုကြောင့် စစ်အစိုးရက တပ်အင်အား တိုးချဲ့လာနေပြီး တိုက်ပွဲများ ထပ်မံ ဖြစ် ပွားနိုင်ဖွယ်ရှိ ကြောင်း ၎င်း SS-N မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။ SSA-N တပ်မဟာ ၁ ဒေသရှိ တပ်ဖွဲ့ဝင်များ လည်း အဆင် သင့် ရှိကြောင်း ပြောသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက“စုံစမ်းကြည့်ရသလောက်တော့ ထိုးစစ်မဟုတ်ဘူး။ စစ်ရေးအရ အရေးကြီးတဲ့ အဆင့်တခုဖြစ်တယ်။ စစ်အစိုးရက SSA-N ရဲ့ထွက်ပေါက်တွေကို လိုက်ပိတ်တာ”ဟု ၎င်းက ဆိုသည်။ 

SSA-N တပ်မဟာ ၁ ထိန်းချုပ်ထားသော နယ်မြေ မိုင်းရှုးမြို့နယ် ၀မ်ဟိုင်းဒေသ တ၀ိုက်တွင် စက်တင်ဘာလဆန်းပိုင်း၌ နအဖ တပ်အင်အား ၁၀၀၀ ခန့် ၀ိုင်းရံထားကြောင်း သိရသည်။

တပ်အင်အား ဖြည့်ဆည်းထားသော တပ်များသည် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် စကခ ၂ မှ တပ်ရင်းတို့ ဖြစ်ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။

အောက်တိုဘာလ ၃၁ ရက်နှင့် နိုဝင်ဘာလ ၁ ရက်နေ့များတွင် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) နှင့် နအဖ စစ် အစိုးရတပ်များ ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်း ဒေသတွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၇ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေးအတွက် ကြိုးပမ်းခဲ့ရာ ၎င်းအဖွဲ့က လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာခဲ့ကြသည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များ အနေဖြင့် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရန် ငြင်းဆန်ခဲ့ကြ သကဲ့သို့ လက်ရှိ အခြေ အနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရ သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိ သည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

Thursday, November 11, 2010

ရွေးကောက်ပွဲက ဖန်တီးသော တိုက်ပွဲများ

ကျော်စွာမို

မြန်မာပြည်ရဲ့ နယ်စပ်မြို့ နှစ်မြို့ကို တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေက တိုက်ခိုက် သိမ်းပိုက်တာဟာ အနှစ် ၂၀ အတွင်း ထင်ရှားတဲ့ ဖြစ်စဉ်တခုပါ။ တကယ်တော့ ဒီတိုက်ခိုက်မှု တွေဟာ တနင်္ဂနွေနေ့ ရွေးကောက်ပွဲကြောင့် ပေါ်ပေါက်လာရတာ ဖြစ်ပြီး  ဒီတိုက်ပွဲတွေက တဆင့် တခြား ပဋိပက္ခတွေဆီ ကူးစက် သွားနိုင်ပါတယ်။

တနင်္ဂနွေနေ့မနက် ရွေးကောက်ပွဲ ကျင်းပနေချိန်မှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ က တပ်သားတွေ မြဝတီမြို့တွင်းကို ဝင်ရောက်ခဲ့ပြီး အစိုးရအဆောက်အဦ တွေကို သိမ်းပိုက်ခဲ့ပါတယ်။ နောက်တနေ့ မနက်မှာတော့ DKBA တပ်သားတွေဟာ ဘုရားသုံးဆူမြို့ကို သိမ်းပိုက်ခဲ့ ပြန်ပါတယ်။

Myen hpyen gumra 100 ram, Myitkyina kawn Manmaw de lai

By KNG
Myen hpyen gumra 100 ram hpe, hpyen mawdaw 10 ram hte, Myitkyina kawn Manmaw de, November 10, mani bat masum ya shana de htaw mat wa sai lam, chye lu ai.

Hpyen mawdaw kaba langai kaw gumra 10 grupyin htaw tawn let Myitkyina-Manmaw mawdaw lam hku nna, Manmaw de htaw mat ai re lam, mawdaw lam mayan na myi-chyaw-mu buga masha ni tsun ai.

ဘုရားသုံးဆူ တိုက်ပွဲဆက်ဖြစ်

မွန်ပြည်နယ် ဘုရားသုံးဆူမြို့၌ စစ်အစိုးရတပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် - ဒီကေဘီအေတို့ ယနေ့နံနက်တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒီကေဘီအေနှင့် ဒေသခံများ အဆိုအရ သိရသည်။

နံနက် ၅ နာရီခန့်မှစ၍ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၄ဝ၅၊ ခလရ ၂၈၃ နှင့် အမြောက်တပ် ၃၁၃ က အမြောက်များ ပစ်ခတ်၍ အငိုက်ဖမ်းလာသဖြင့် ဘုရားသုံးဆူနှင့် ကိုက် ၅ဝဝ အကွာ၌ တပ်စွဲထားသော ဒီကေဘီအေ ၉ဝ၆၊ ၉ဝ၇၊ ၉ဝ၁ တပ်များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ပြောဆိုခြင်း ဖြစ်သည်။